သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်း ရပ်ကွက်ရှိ လူသုံးကုန်အရောင်းဆိုင်တွင် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် မနွယ်သန္တာဝင်း အမှုကို စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ဆေးနေကြသည်ဟု သိရသည်။
အသက် ၁၈ နှစ်သာရှိသေးသည့် မနွယ်သန္တာဝင်းမှာ သူမအလုပ်လုပ်သည့် "Lumin ous/Livguard "ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန် အရောင်းဆိုင်၏ အနောက်ဘက်စတိုခန်းတွင် ဝမ်းဗိုက်၌ ဓားထိုးဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်များက အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသလို ရက္ခိုင့်တပ်တော်(AA)မှ တာဝန်ရှိသူများကလည်း အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်နေသည်ဟု မနွယ်သန္တာဝင်း၏ဝရီးဖြစ်သူကပြောသည်။
"ဒီဆိုင်မှာ ဝန်ထမ်းအမျိုးသမီးဆိုလို့ ကျနော်တူမလေးတယောက်ပဲရှိတာပါ။ အဲဒီဆိုင်မှာ အလုပ်လုပ်တာလည်း ၂ လလောက်ပဲရှိပါသေးတယ်။ ရဲတွေက စစ်ဆေးတဲ့အခါ သူမမှာရည်းစားရှိလား၊ သူမကိုလိုက်နေတဲ့ယောင်္ကျားလေးတွေရှိလား မေးပါတယ်။ကျနော့်တူမက ယေင်္ကျားတွေနဲ့ ရောရောထွေးထွေးနေတာလည်း မရှိသလို ရည်းစားလည်းမရှိပါဘူး။ ရဲတွေစစ်ဆေးနေတာကတော့ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပါပြီး။ ဒါပေမဲ့ဘာမှတော့မထူးခြားသေးဘူး"ဟုဆိုသည်။
ယင်းအပြင် မနွယ်သန္တာဝင်းမှာ ပြီးခဲ့သည့် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်တွင် ဘောဂဗေဒဘာသာတွဲမှ ဂုဏ်ထူး ၁ ဘာသာဖြင့် အောင်မြင်ထားသူတဦးလည်း ဖြစ်သည်။
"ကျွန်တော့်မှာက တူမချေတယောက် ဆုံးရှုံးသွားခဲ့တယ်။ကျနော်တို့ အဓိကဖြစ်ချင်တာက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်ပါတယ်။ ဒီအမှုမပေါ် လိုက်ရင် နောင်လာနောင်သား သားသမီးတွေအတွက်လည်း မကောင်းဘူး။ အဲဒါကြောင့် ဒီအမှုတရားခံကို ပေါ်စေချင်ပါတယ်"ဟု ဝရီးဖြစ်သူကဆိုသည်။
သေဆုံးခဲ့သူ မနွယ်သန္တာဝင်း၏ နာရေးကို ဩဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ ထောင်ချီရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
#မြေလတ်အသံ
Share Share Share