သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ စစ်တပ်လက်အောက်ခံ ပြည်သူစစ်အဖွဲ့ဝင် ပျူစောထီး ၂ ဦးကို နိုဝင်ဘာလ ၂ ရက်က ဇီးကုန်းလေးကျေးရွာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုအားမာန်မြို့ပြပြောက်ကျား UG တပ်ဖွဲ့ဆီက သိရပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ဇီးကုန်းလေးကျေးရွာမှာနေပြီး ဓားပြတိုက်မှုတွေကျူးလွန်နေတဲ့ အသက် ၄၀ ဝန်းကျင် ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ရန်ကုန်တင်ဝင်းနဲ့ အဖွဲ့ဝင် မကွေးမင်းမင်း တို့ဖြစ်ပြီး ဖမ်းဆီးစဉ်ခုခံမှုတွေလုပ်လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ဖမ်းဆီးတဲ့အချိန်မှာ လက်ပစ်ဗုံးတွေပစ်မဲ့ အနေအထားမျိုးတွေလုပ်တော့ လုံးထွေးပြီး ပစ်ဖမ်းရပါတယ်။ အားလုံးပေါင်း ၄ ယောက်ပါ၊ ၂ ယောက်ကတော့ လွတ်သွားပါတယ်” လို့ ရွှေဘိုအားမာန်မြို့ပြပြောက်ကျား UG တပ်ဖွဲ့က မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေဆီက လက်ပစ်ဗုံး ၂ လုံး ၊ အိုင်ကွန် ၂ လုံး ၊ ဖုန်းနဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်တွေအရ ရွှေဘိုမြို့နယ်အတွင်း ဓားပြမှုတွေကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။
ဖမ်းဆီးမှုကို ရွှေဘိုအားမာန်မြို့ပြပြောက်ကျား ၊War Lord Defence Force ၊ ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင်နဲ့ နယ်မြေခံပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းပျူစောထီးတွေကို ရွှေဘိုမြို့နယ် ပကဖထံ ဆက်လက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကလည်း ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ဘန်ကာဆောက်နေတဲ့ စစ်အုပ်စုကို ရွှေဘိုအားမာန်မြို့ပြပြောက်ကျားအဖွဲ့က ၄၀ မမ ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီတပ် #ပြည်သူ့စစ် #ဖမ်းဆီးရမိ #ဓားပြတိုက် #သတင်း #မြေလတ်သတင်း
Share Share Share