နင်းမိုင်းပြင်ဆင်ချိန် မိုင်းကွဲပြီး ရဲဘော် ၁ ဦးကျဆုံး၊ ၃ ဦးဒဏ်ရာရ

နင်းမိုင်းပြင်ဆင်ချိန် မိုင်းကွဲပြီး ရဲဘော် ၁ ဦးကျဆုံး၊ ၃ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာမှာ စစ်ကောင်စီစစ်ကြောင်းရောက်နေချိန် သရက်ကွရွာအနား နင်းမိုင်း ပြင်ဆင်ချိန်မှာ မိုင်းကွဲပြီး ရဲဘော် ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ Ghost Of Enemies - GOE Revolution Force အဖွဲ့ဆီက သိရပါတယ်။ 

ကျဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် ငညီဖြစ်ပြီး ဇွန် ၂၃ ရက် မနက်ပိုင်း ၇ နာရီထိုးမှာ စစ်ကောင်စီစစ်ကြောင်း တွင်းမရွာရောက်နေချိန် သရက်ကွရွာအနားကို နင်းမိုင်းပြင်ဆင်ချိန်မှာ မိုင်းကွဲခဲ့တာဖြစ်ပါတယ်။ 

“ဘေးက ရဲဘော်တွေကတော့ နည်းနည်းတော့ထိတာပေါ့။ ကိုယ်တိုင်လုပ်တဲ့ မိုင်းတွေပါ။ အစစ်ကတော့ တော်တော်တန်တန် save ဖြစ်တာပေါ့။ လက်လုပ်ကတော့ ထင်သလောက်တော့ save မဖြစ်ဘူး။ ကျနော်တို့မှာ လက်လုပ်ပဲလုပ်နိုင်တာဆိုတော့ လက်လုပ်နဲ့ပဲအဆင်ပြေအောင်လုပ်ရတာပေါ့။ မိုင်းကကြီး‌တော့ လူက ရုပ်မပေါ်ဘူး။ တစစီ ကောက်ခဲ့ရတာ” လို့ Ghost Of Enemies - GOE Revolution Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုင်းကွဲပြီး ကျဆုံးခဲ့တဲ့ ရဲဘော်ငညီရဲ့ စျာပနအခမ်းအနားကို  ဇွန် ၂၃ ရက် မနက် ၁၀ နာရီထိုးလောက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Ghost Of Enemies - GOE Revolution Force အဖွဲ့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေကို မိုင်းထောင်ရင်း ရဲဘော် ၅ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #တွင်းမရွာ #စစ်ကောင်စီ #စစ်ကြောင်း #သရက်ကွရွာ #မိုင်းကွဲ #GhostOfEnemies

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10