နတ်ကန္နားပွဲရောက်နေတဲ့ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

နတ်ကန္နားပွဲရောက်နေတဲ့ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာက နတ်ကန္နားပွဲကိုရောက်နေတဲ့ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီခန့်မှာ ရာအိမ်မှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း လူသိများသူ အသက် ၄၀ဝန်းကျင် ဦးဆန်းဝင်းနိုင်ကို ကျေးရွာထဲမှာ လုပ်နေတဲ့ နတ်ကန္နားပွဲမှာ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သူကိုသီးသန့်စောင့်ကြည့်ပြီး ပစ်သွားတာ။ လူအများကြီးရှိနေတဲ့ကြားထဲကနေ သူတယောက်ပဲ ထိသွားတာ။ လာပစ်တဲ့သူတွေက လွတ်သွားတယ်"လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဆန်းဝင်းနိုင်မှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။  

ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေက အခင်းဖြစ်တဲ့နေရာကို လာရောက်စစ်ဆေးပြီး ပစ်ခတ်သူတွေကို ရှာဖွေတာတွေလုပ်ခဲ့ပါတယ်။ 

သူရဲသမိန်ကျေးရွာအတွင်းမှာ ရဲ၊ ပျူစောထီး၊ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော် ရှိနေတဲ့ကြားထဲကနေ သူ့ကို ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇန်နဝါရီ ၁၅ ရက်ညကလည်း ဝေါမြို့နယ်၊ အုတ်ဖို ၃ ကျေးရွာက ပျူစောထီးခေါင်းဆောင်နေအိမ် ဝင်ရောက်စီးနင်းခံရပြီး ပျူစောထီးခေါင်းဆောင်ဆိုသူ သေဆုံးကာ အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ ရသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ #ပဲခူး #ဝေါ #သူရဲသမိန်ကျေးရွာ #ပျူစောထီး #ရာအိမ်မှူး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10