နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်နဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီဖမ်းဆီးထား

နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်နဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီဖမ်းဆီးထား

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာနယ်အခြေစိုက်၊ နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်အပါအဝင် ၂ ဦးကို စစ်ကောင်စီကဖမ်းဆီးထားတယ်လို့ နတ်ဆိုးအဖွဲ့နဲ့ နီးစပ်တဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။ 

ဇူလိုင် ၈ ရက်မှာ နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုး (ခ) ငြိမ်းချမ်းအောင် (ခ) အားသစ်နဲ့ မပပဝင်းတို့ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလပ်ရပ်ကွက်၊ မဟာဆေးခန်းမှာ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

"ကိုအားသစ်တို့ ဖမ်းဆီးခံလိုက်ရတာက ဟုတ်တယ်။ တပတ်လောက် ရှိတော့မလားပဲ။ ဆေးခန်းသွားပြချိန် ဖမ်းဆီးခံလိုက်ရတယ်လို့တော့ ကြားတယ်။ ကျန်တဲ့အခြေနေကို အသေးစိတ်တော့ မသိရသေးဘူး" လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။

စစ်တပ်ပိုင် မြဝတီမီဒီယာကလည်း နတ်ဆိုး မြေအောက်တော်လှန်ရေးခေါင်းဆောင်အပါအဝင် ၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ဇူလိုင်လ ၁၂ ရက်မှာ ထုတ်ပြန်ထားပြီး သူတို့နှစ်ဦးကို အကြမ်းဖက်လူသတ်မှု ၄ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် လုပ်ဆောင်ထားတယ်လို့လည်း ဆိုထားပါတယ်။

သူတို့ ၂ ဦးကို မန္တလေးနန်းတွင်း လပခ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရှိရသေးဘူးလို့ အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံ - စစ်တပ်ပိုင် မြ၀တီမီဒီယာ။

စာတည်း - လင်း 

 #မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10