နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်က ရာအိမ်မှူးနဲ့ ပျူစောထီးဆိုသူ ရှင်းလင်းခံရ

နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်က ရာအိမ်မှူးနဲ့ ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပဲခူတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်က စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ ပျူစောထီးဆိုသူတို့ကို သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မြေလတ်အသံကို ပြောပါတယ်။ 

နိုဝင်ဘာလ ၂၇ ရက် မနေ့က မနက် ၁ နာရီဝန်းကျင်မှာ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာ ရာအိမ်မှူးလည်းဖြစ် ပျူစောထီးလို့လည်း လူသိများသူ အသက် ၆၂ နှစ်အရွယ် ဦးလှမြင့်ကို နေအိမ်မှာရှိနေချိန် Phoneix PDF က ပစ်ခတ်ခဲ့ကာ ခေါင်းနဲ့ မေးစေ့ကိုထိမှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

"သူက စကစနဲ့ပေါင်းပြီး ဒေသခံပိုင် ကျွန်းခင်းတွေဖျက်ဆီးတာရှိတယ်။ ပျူခေါင်းဆောင်လည်းဖြစ်သလို လက်နက်လည်းကိုင်ထားလို့ နေအိမ်ထဲမှာ ဝင်ပစ်ရှင်းခဲ့တာ"လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoneix PDF တာဝန်ရှိသူက ပြောပါတယ်။

ဦးလှမြင့်ဟာ စစ်ကောင်စီအာဏာမသိမ်းခင်က တောင်သူလယ်သမားပါတီရဲ့ ရပ်ကျေးဥက္ကဌ တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူ့ကို ရှင်းလင်းပြီးချိန်မှာ သူဆီကနေ လက်လုပ်တူမီး ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၁ တောင့်နဲ့ ဖုန်း ၂ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ Phoenix - PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တပြေစမ်းကျေးရွာအနီးမှာ ပွဲသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အလားတူ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု၊ ညောင်နီပင်ရွာက ပျူးစောထီးလို့ သတင်းကြီးနေသူ လင်မယားကိုလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ တပ်ခွဲ ၁ က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းရာ အမျိုးသမီးသေဆုံးပြီး အမျိုးသားကတော့ ဒဏ်ရာရသွားခဲ့ပါတယ်။ 

ညောင်နီပင်ရွာနေ ကိုသိန်းနိုင်နဲ့ မဝင်လေးတို့ကို နိုဝင်ဘာ ၂၇ ရက် မနေ့ည ၈ နာရီခွဲလောက်မှာ သူတို့ရဲ့နေအိမ်မှာ ပစ်ခတ်ခဲ့တာပါ။  

“နေအိမ်မှာပဲ ရှင်းခဲ့တာ။ ယောင်္ကျားက မသေဘူး။ မိန်မက ပွဲချင်းပြီး။”လို့  ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြာရေးတာဝန်ခံက ပြောပါတယ်။

ကိုသိန်းနိုင်မှာ ပေါင်ခြေသလုံးတို့ကိုထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရကာ ဇနီးဖြစ်သူမဝင်းလေးကတော့   ဆီးခုံထိမှန်ပြီး ပွဲခြင်းပြီးသေဆုံးခဲ့တာပါ။   

သူတို့ လင်မယားဟာ စစ်ကောင်စီကို သတင်း‌ပေးပို့သလို စစ်သားတွေကိုလည်း ရွာကိုခေါ်ပြီး ကျေးရွာသားတွေကို အာဏာပြချိန်းခြောက်တာတွေ လုပ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်ကလည်း ပေါင်းတည်မြို့အနီး ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု ကြို့ပင်ဝိုင်းရွာက ပျူစောထီးခေါင်းဆောင် ကိုစိုးမြင့်ကို သူရဲ့နေအိမ်မှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။ 

ပုံစာ -  နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာ ရာအိမ်မှူးဆီမှ သိမ်းဆည်းရမိသည့် လက်နက်အချို့။ 

ခန့်အောင်၊ စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #နတ်တလင်း #ပေါင်းတည် #ရာအိမ်မှူး #ပျူစောထီး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10