နတ်တလင်းမြို့နယ်ထဲက ပြည်သူတွေ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးကို မဲပေးသွားမှာလဲ

နတ်တလင်းမြို့လေးဟာ သာယာဝတီခရိုင်ထဲကမြို့လေးဖြစ်ပြီး ပြည်ခရိုင်အစ ပေါင်းတည်မြို့နယ် ထိစပ်နေတဲ့မြို့လေးဖြစ်ပါတယ်။

ရန်ကုန်-ပြည် မီးရထားလမ်းနဲ့ ကားလမ်းမ တွေပေါ်မှာ တည်ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ မြို့နယ်ဖြစ်ပါတယ်။

နတ်တလင်းမြို့နယ်ထဲမှာ နတ်တလင်းမြို့နဲ့ တာပွန်မြို့ ၂ မြို့ပါဝင်ပြီး မြို့ပေါ်ရပ်ကွက် ၇ ခုနဲ့ ကျေးရွာအုပ်စု ၇၇ စု အတွင်း ၁ သိန်း ၇ သောင်း ၅ ထောင်ကျော်နေထိုင်ပြီ ဗမာတိုင်းရင်းသား အများစုနေထိုင်ကာ ကရင်တိုင်းရင်းသား ဒုတိယအများဆုံးနေထိုင်ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ နတ်တလင်းမြို့နယ်က နိုင်ငံရေးပါတီ ၇ ပါတီဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မဲရုံပေါင်း ၁၄၇ ရုံရှိကာ မဲပေးနိုင်သူ ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10