နတ်တလင်းမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို PDF မိုင်းခွဲတိုက်ခိုက်လို့ ၃ဦးသေဆုံး

နတ်တလင်းမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို PDF မိုင်းခွဲတိုက်ခိုက်လို့ ၃ဦးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီအုပ်စုကို အကြိုနေ့ညပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၃ဦးသေဆုံးပြီး ၇ဦးနီးပါး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ်ကနေ တာပွန်ကို သွားတဲ့ ကျန်တောစုလမ်းဆုံအနီးမှာ ကင်းလှည့်ဖို့လာတဲ့ ကားတစီးနဲ့ ဆိုင်ကယ် ၈စီးကို သာယာဝတီခရိုင် PDF တပ်ရင်း ၁ တပ်ခွဲ ၁က ဧပြီ ၁၃ရက်ညက အဝေးထိန်းမိုင်း ၅လုံးခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူက ပြောပါတယ်။ 

" ရဲလှည့်ကင်းကို စောင့်ပြီး မိုင်း၅လုံး ခွဲပြီး တိုက်ခိုက်တာပါ၊ ဆိုင်ကယ် ၆စီးကို တိုက်ရိုက်ထိတယ်" လို့ ပြောပါတယ်။

ကင်းလှည့်နေတဲ့ ရဲ၃ဦး သေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့နေ့ညမှာပဲ ပေါင်းတည်မြို့နဲ့ အင်းမမြို့ကြားက ဝက်ပုတ်တံတားမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို သာယာဝတီခရိုင် PDF ကပဲ ည ၇နာရီခွဲလောက်မှာ ဖောက်ခွဲမှုတခုလုပ်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10