နတ်မောက်က ကျေးရွာပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီးသေဆုံး

နတ်မောက်က ကျေးရွာပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ကျေးရွာအနီးယာခင်းထဲမှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ နတ်မောက်မြို့နယ်ပကဖထံက သိရပါတယ်။

ပစ်သတ်ခံရသူမှာ ကျေးရွာပျူစောထီးခေါင်းဆောင်လည်းဖြစ်သလို ဆုံမကျီးပင်ကျေးရွာ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးလည်းဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် မင်းဇော်ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၁ ရက် မနက် ၆ နာရီခန့်က သူပိုင်ယာခင်းထဲမှာ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

" သူ့ကိုအရင်ကတည်းက သတိပေးတာတွေလုပ်ခဲ့သေးတယ်" လို့ နတ်မောက်ပကဖတာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

ကိုမင်းဇော်ဟာ လက်နက်မကိုင်ထားရသေးပေမယ့် ပြည်သူစစ်သင်တန်းတက်ရောက်ပြီးသူဖြစ်ပြီး နတ်မောက်မြို့ပေါ်က ပျူစောထီးခေါင်းဆောင် မြွေဟောက်၊ ခင်မောင်ဌေးတို့နဲ့ အဆက်အသွယ်ရှိကာ  အဲ့ဒီပျူစောထီးအဖွဲ့တွေကို ၎င်းနေထိုင်ရာရွာထိခေါ်ယူစစ်ဆေးခိုင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် နတ်မောက်မြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်မှုထမ်းအတွက်ပေါ်တာဆွဲတာ၊သန်းခေါင်စာရင်းကောက်ယူရေးတွေမှာဦးဆောင်လှုပ်ရှားနေတာတွေကြောင့် သူ့ကိုရှင်းလင်းဖို့အချိန်ယူလုပ်ဆောင်ခဲ့တာဖြစ်လို့ ခုခံချိန်မရဘဲသေဆုံးသွားတာလို့ ဆိုပါတယ်။

သူ့ကိုပစ်ခတ်ရှင်းလင်းပြီးနောက်မှာ ကိုင်ဆောင်တဲ့ဓား ၁ လက်နဲ့ ဖုန်း ၁ လုံးကိုသိမ်းဆည်းရရှိခဲ့ပြီး ပစ်ခတ်မှုကိုတော့ နတ်မောက်မြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်တွေဘက် ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာလည်း နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးဖွဲ့ဖို့လုပ်နေသူ ၂ ဦးကိုနေအိမ်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ သိရပါ တယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #နတ်မောက် #ပျူစောထီး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10