နတ်မောက်မြို့နယ်က သံဃာတော်တပါးကို PDF နှင့် စပ်ဆက်မှုရှိတယ်ဆိုကာဖမ်းဆီး

နတ်မောက်မြို့နယ်က သံဃာတော်တပါးကို PDF နှင့် စပ်ဆက်မှုရှိတယ်ဆိုကာဖမ်းဆီး

နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာ၊ ဝိဇ္ဇာမဟိဒ္ဓိကျောင်းတိုက် မန္တလေးမြတောင်စာသင်သား အရှင်ဝီရိယာစာရ (ပထမကြီးတန်း)အား ဧပြီလ ၁ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။

မကွေးတပ်မ ၈၈, မြို့သစ် ကပစ ၁၇ နဲ့ ရွာမွန်ပင်မစစ်လက်နက်သိုလှောင်ရေးတပ် ၃ တပ်တို့ ကဝင်လာပြီး ဖမ်းဆီးသွားတယ်လို့ နတ်မောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်ရာကျော်က မြေလတ်အသံကိုပြောပါတယ်။

"ဖမ်းသွားကတဲ့က ဦးဇင်းကို လူဝတ်လဲ သိက္ခာချခိုင်းပြီးတော့ဖမ်းသွားတာ၊ အဲဒီနေ့မှာက ရွာကိုစစ်ဆင်ရေးပုံစံမျိုးဝင်လာတာဗျ၊ အခုလက်ရှိမှာဘယ်တပ်ကိုဖမ်းသွားတယ်ဆိုတာမသိရသေးဘူးခင်ဗျ၊ ကျောင်းသား ၃ ယောက်ကတော့ပြန်လွတ်လာပါတယ်၊ ဦးဇင်းကတော့ပြန်လွတ်မဘာဘူး၊ PDF တွေနဲ့အဆက်အစပ်ရှိတယ်ဆိုပြီးဖမ်းဆီးသွားတာ၊ အကြောင်းပြချက်ခိုင်ခိုင်လုံလုံရယ်လို့တော့ ဘာမှမရှိဘူးဗျ၊" လို့ ဗိုလ်ရာကျော်ကပြောပါတယ်။

ဖမ်းဆီးစဉ်ကဘုန်းကြီးကျောင်းသား ၃ ယောက်ကိုပါ ဖမ်းသွားခြင်းဖြစ်ပြီး ကျောင်းသားများကိုပြန်လွတ်ပေးပြီး ဦးဇင်းအားရိုက်နှက်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ ဖမ်းဆီးခံရသည့် ဦးဇင်းမှာကျေးရွာတွင် ပရဟိတလုပ်ငန်းများလုပ်ဆောင်နေပြီး ကျေးရွာကအားကိုးရာသည့် သာသနနယ်ပယ်မှာလည်း ထူးချွန်တဲ့ဦးဇင်းဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10