နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ၁၄ ဦးသေဆုံးဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာနဲ့ သပွတ်ပင်ရွာကြားမှာ Canter ကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရလို့ ၁၄ ဦးခန့်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၊ တပ်ရင်း ၉၀၃ ဂဠုန်တပ် နတ်မောက် အဖွဲ့ဆီကသိရပါတယ်။

တပ်ဖွဲ့ဝင် ၂၅ ဦးခန့်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ သပွတ်ပင်ရွာကနေ Canter ကားနဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထွက်လာတာဖြစ်ပြီး နေ့လယ် ၃ နာရီခန့်မှာ ကျောက်အိုးရွာနဲ့ သပွတ်ပင်ရွာကြားမှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ နေရာအနီးက လူမနေတဲ့အိမ် ၁ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့သွားကာ ကျောက်အိုးရွာထဲကို ပြန်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ ၁ တပ်ရင်း ၉၀၃ ဂဠုန်တပ်နတ်မောက်နဲ့ သာစည် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #နတ်မောက် #စစ်ကောင်စီ #နေပြည်တော် #စစ်ဌာန #ဗျူဟာ #ပကဖ #တိုက်ခိုက်မှု #နွေဦးတော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10