နတ်မောက်မြို့နားထိကပ်ကာ လက်နက်အပြည့်အစုံနဲ့ ဆန္ဒပြခဲ့ကြတဲ့ ဂဠုန်တပ်

နတ်မောက်မြို့နားထိကပ်ကာ လက်နက်အပြည့်အစုံနဲ့ ဆန္ဒပြခဲ့ကြတဲ့ ဂဠုန်တပ်

မကွေးတိုင်း၊ နတ်မောက်မြို့နားထိကပ်ကာ စစ်ကောင်စီစစ်ဆေးရေးဂိတ်နားအထိ PDF တွေလက်နက်ကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နတ်မောက်မြို့နဲ့ ၃မိုင်လောက်ဝေးတဲ့ သမှုန်းကုန်းရွာ ကမ်းပျိုရွာကြီးတွေရဲ့ ကားလမ်းမအတိုင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၊ တပ်ရင်း ၉၀၃ ဂဠုန်တပ်(နတ်မောက်) တပ်ဖွဲ့ဝင်တွေ ဆန္ဒပြခဲ့ကြတာပါ။

ဇန်နဝါရီ ၂၅ ရက်မှာ အင်အား ၅၀ ဝန်းကျင်ပါတဲ့ ဂဠုန်တပ်ရဲဘော်တွေက ကား ၂စီးနဲ့ နိုင်ငံအာဏာပြန်လွှဲဖို့အပါအဝင် ဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့တွေ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဂဠုန်တပ်(နတ်မောက်) တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

"ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းပဲ ပြခဲ့တာ။ ပြည်သူခေါ်လို့ မသင့်လို့ပါ။ သမှုန်းကုန်းရွာအကျော်မှာ စစ်တပ်ဂိတ်ရှိတယ်။ စစ်တပ်ဂိတ်နားအထိကို ကျနော်တို့သွားပြတာ။ တကယ်လို့ ဂိတ်ကတွေ့သွားရင်လည်း ကျနော်တို့ပစ်ခတ်လို့ရအောင် ကားနဲ့သွားတာ" လို့ တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ကုလားရှင်စစ်ဆေးရေးဂိတ်နားက ရွာအထိ လက်နက်ကိုင်ပြီး ဆန္ဒသွားပြနိုင်ခဲ့တာဖြစ်တယ်လို့ ဗိုလ်အောင်ဒင်က ဆက်ပြောပါတယ်။

"ကျနော်တို့က မြို့အထိကပ်နေပြီ။ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့ဖို့ သူတို့မှာရင်မဆိုင်ရဲဘူး။ အခုကျနော်တို့ ဆန္ဒပြတဲ့နေရာကို သူတို့သိတယ်။ ဆန္ဒပြမှန်းလည်း သိတယ်။ သူတို့လာပြီးတော့ မတိုက်ခိုက်ရဲဘူး။" လို့ ဆိုပါတယ်။

နတ်မောက်မြို့ပေါ်မှာ ကုလားရှင်ဂိတ်အပါအဝင် စစ်ဆေးရေးဂိတ် ၂ခုရှိပြီး ဂဠုန်တပ်(နတ်မောက်) အနေနဲ့ ကုလားရှင်ဂိတ်ကို လက်နက်ကြီးနဲ့ တက်ပစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #မကွေး #နတ်မောက် #ဂဠုန်တပ် #ဆန္ဒပြ #စစ်ကောင်စီဂိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10