နတ်မောက်မြို့အ၀င် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF က လက်ပစ်ဗုံးနဲ့တိုက်ခိုက်

နတ်မောက်မြို့အ၀င် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF က လက်ပစ်ဗုံးနဲ့တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့ မြောက်ဘက်၊ မြို့မကွက်သစ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် ဘန်ကာထဲကို ဩဂုတ်လ ၂၂ ရက် ညနေ ၅ နာရီခွဲလောက်မှာ လက်ပစ်ဗုံးပစ်ထည့်ပြီး အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ဆီက သိရပါတယ်။ 

"ဘန်ကာအနားထိ သွားပြီး လက်ပစ်ဗုံး လျက်ဆားပုလင်းနဲ့ ပစ်ခဲ့တာ။ ဗုံးနဲ့ပစ်ပြီး ကျနော်တို့ ပြန်ဆုတ်လာတဲ့အခါ ၄ ပေအကွာလောက်မှာ ‌ဗုံးကွဲတာ အတော်ပြင်းတယ်။ အသေဆုံးတွေရှိနိုင်တယ်။ အခြေအနေတော့ မသိရသေးဘူး" လို့ OPRF - PLA တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အလစ်အငိုက်တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ခိုက်စဉ်အတွင်းမှာလည်း ပြန်လည်ပစ်ခတ်တာတွေမရှိဘဲ  PDF တပ်ဖွဲ့၀င် ရဲဘော်နှစ်ဦးမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်ကလည်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်မြေ၊ တပ်ကုန်းမြို့နယ်နဲ့ မကွေးတိုင်း၊ မြို့သစ်မြို့နယ်အကြားမှာ ကျေးရွာတွေထဲ ဆက်ကြေးကောက် ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ဦး ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း တချို့နဲ့ ဆိုင်ကယ် ၃ စီး သိမ်းဆည်းရမိခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ပုံစာ - ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့သည့် လက်ပစ်ဗုံးအမျိုးအစား။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #နတ်မောက်မြို့ #စစ်ကောင်စီ #လက်ပစ်ဗုံး #ဘန်ကာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10