နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့၊ ဈေးကွက်သစ်ကို အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်လို့လူသိများသူ ဦးအောင်သန်း ကို ဒီဇင်ဘာ ၁၀ ရက် မနေ့ကညနေ ၃ နာရီလောက်မှာ ရှင်းလင်းခဲ့တယ်လို့ ဂဠုန်တပ် နတ်မောက် PDF အဖွဲ့ဆီက သိရပါတယ်။ 

ရှင်းလင်းခံရသူမှာ အသက် ၄၈ ရှိပြီဖြစ်ကာ သူ့ကို မြို့သစ်မြို့နယ်၊ ကွင်းကြီးဘက်မှာ ဖမ်းဆီးမိပြီး ဓါးနဲ့ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့အဖွဲ့ဝင် ၁ ယောက်ကို ကျနော်တို့အရင်ရက်က ဖမ်းထားတာ၊ သူတို့လူကိုလိုက်ရှာတာ တဖွဲ့လုံးလာတာ၊ ၁၃ ယောက်ဖမ်းမိတာ၊ မြို့သစ်နယ်ထဲက ကွင်းကြီးဘက်မှာ ဖမ်းမိတာ၊ သူ့ရဲ့ လက်အောက်ငယ်သားတွေတော့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်၊ သူတို့ခေါင်းဆောင်ကိုပဲဖမ်းပြီးတော့ ရှင်းလင်းလိုက်တယ်" လို့ ဂဠုန်တပ် နတ်မောက် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင် က ပြောပါတယ်။

ဦးသန်းအောင်ဟာ နတ်မောက်မြို့နယ် ကုလားရှင်ရွာမှာ အထိုင်ချထားတဲ့ တပ်မ ၈၈ က အေးချမ်းအောင်တို့နဲ့ အဆက်အသွယ်လုပ်တဲ့အပြင် ပြည်သူတွေကိုခြိမ်းခြောက်နှိပ်စက်ပြီး ရပ်ရွာက ငွေတွေလည်း အလွဲသုံးစားလုပ်တယ်လို့ သိရတာကြောင့် ခုလို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

ဦးသန်းအောင်ဆီကနေ အထွေထွေအုပ်ချုပ်ရေးမှူး၊ စစ်ဗိုလ်၊ မြို့နယ်မှူးတို့က ပေးပို့ထားတဲ့ PDF တွေကိုဖမ်းဆီးဖို့ အချက်အလက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဗိုလ်အောင်ဒင် ကဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #မကွေးတိုင်း #နတ်မောက် #အုပ်ချုပ်ရေးမှူး #စစ်ကောင်စီ #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10