နတ်မောက်မှာ စစ်အုပ်စုက နေအိမ်မီးရှို့ပြီး အိမ်ထောင်ဦးစီးအား ဖမ်းဆီးသွား

နတ်မောက်မှာ စစ်အုပ်စုက နေအိမ်မီးရှို့ပြီး အိမ်ထောင်ဦးစီးအား ဖမ်းဆီးသွား

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာရှိနေအိမ် ၁ လုံးကို ဧပြီလ ၁၁ ရက်နေ့ ညက မီးရှို့သွားပြီး၊ အိမ်ထောင်ဦးစီးကို ဖမ်းဆီးသွားတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်ရာကျော်က မြေလတ်အသံကို ပြောပါတယ်။

မနေ့က ည ၉ နာရီခွဲခန့်က စစ်ကောင်စီအင်အား ၂၀ ခန့်နဲ့အတူ မီးသတ်ကားတစီးနဲ့ သမှုန်းကုန်းကြီးကျေးရွာက ဦးအောင်ထူးနေအိမ်ကို ရောက်ရှိလာပြီး၊ ယူဆောင်လို့မရတဲ့ ပစ္စည်းတွေကိုဖျက်စ္စည်းကာ ပစ္စည်းတွေနဲ့ ငွေတွေကိုလည်း ယူဆောင်သွားပြီး၊ နေအိမ်ကို မီးရှို့လိုက်တယ်လို့ သိရပါတယ်။ 

"စစ်ကား ၁ စီးနဲ့ တခါတည်း မီးသတ်ကားပါလာတယ်။ ကြိုပြီးကြံစီထားတဲ့သဘောမျိုးပေါ့၊ ဆိုင်ကယ်တွေလည်းနောက်ကနေ ရောက်လာတယ်ပေါ့၊ စိုင်ကောင်းရဲစခန်းက ရဲတွေလည်းပါတယ်၊ အဲဒီအိမ်ကိုဝင်ပြီးတော့ အိမ်ထဲကရှိတဲ့ပစ္စည်းတွေကို ထုခွဲရိုက်ပြီးတော့ အကုန်လုံး မီးရှို့ဖျက်ဆီးသွားတာပေါ့။ ဖုန်း ၅ လုံးနဲ့ ပိုက်ဆံ ၃ သိန်းကျော် ယူသွားတယ်။ အိမ်ထောင်ဦးစီး ဦးအောင်ထူးကိုလည်း ဖမ်းသွားတယ်၊ ဘာအကြောင်းပြချက်နဲ့ဖမ်းသွားတယ်ဆိုတာ ဘယ်သူမှမသိရသေးဘူး" လို့  ဗိုလ်ရာကျော်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကျေးရွာအတွင်း အခုလို မကြာခဏ ပြုလုပ်လေ့ရှိပြီး၊ ကျေးရွာက ပြည်သူတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10