နတ်မောက်မှာ အုပ်ချုပ်ရေးမှူးဟောင်းဇနီး စစ်တပ်သတင်းပေးအမျိုးသမီးတဦး အသတ်ခံရ

နတ်မောက်မှာ အုပ်ချုပ်ရေးမှူးဟောင်းဇနီး စစ်တပ်သတင်းပေးအမျိုးသမီးတဦး အသတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့ဇနီးဖြစ်သူ စစ်ကောင်စီသတင်းပေး အမျိုးသမီးတဦးကို ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်ခင်စောလှဖြစ်ပြီး စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီခန့်မှာ နေအိမ်အတွင်းရှိ ဖဲဝိုင်းကနေဖမ်းပြီး ရှင်းလင်းခဲ့တာလို့ နတ်မောက်ဂဠုန် PDF တာဝန်ခံဗိုလ်အောင်ဒင်က ပြောပါတယ်။

"သူ့ရွာမှာက ထပ်ရှင်းရမယ့်သူတွေက အများကြီး။ အဲ့လူတွေပါ ထပ်သတ်နေရင် အများကြီး သတ်နေရမှာမို့လို့ ဒါကိုနမူနာအနေနဲ့ လုပ်ပြတာဖြစ်တယ်။ သူကအဲ့ရွာမှာဆို အဆိုးဆုံးပဲ။"လို့ နတ်မောက်ဂဠုန် PDF တာဝန်ခံဗိုလ်အောင်ဒင်ကပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြသူတွေရဲ့ နာမည်စာရင်းတွေကို စစ်တပ်ကိုပေးတာ၊ တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို စစ်တပ်ကိုပေးနေတာ၊ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ဖို့လုပ်တဲ့ ကိစ္စတွေမှာလည်းပါဝင်နေတာကြောင့် ခုလိုရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။  

ဒေါ်ခင်စောလှဟာ စစ်တပ်သတင်းပေးအပြင် ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်ကြောင်းကို ဒေသခံတွေရဲ့ သတင်းပေးချက်၊ တပ်ဖွဲ့ရဲ့ စုံစမ်းရေးအဖွဲ့တွေဘက်က ပေးပို့တဲ့သတင်းတွေအရလအတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

“သူက စကစ သတင်းပေးတင်မကဘူး။ ပျူစောထီးအဆင့်ပါ ရှိတယ်။ သူက ပိတောက်ငုတ်က ပျူခေါင်းဆောင် ခင်မောင်ဌေးနဲ့လည်း တိုက်ရိုက်အလုပ်လုပ်နေတာလည်း ရှိတယ်။ ကျနော်တို့စုံစမ်းရေးအဖွဲ့တွေက သိရတာက ပျူစောထီးအဖွဲ့တွေနဲ့ ဆက်သွယ်တာလို့ သိရတယ်။ ပြည်သူတွေက သတင်းပေးတာကလည်း ဧည့်စာရင်းတွေကောက်ဖို့အရေးတွေ၊ ရွေးကောက်ပွဲ လုပ်ဖို့နေရာတွေမှာ သူကခေါင်းဆောင်ပြီးလုပ်နေတာကို ပေးတာ” လို့ ပြောပါတယ်။ 

အဆိုပါအမျိုးသမီးကို ရှင်းချိန်မှာလည်း ကျောက်တန်းကျေးရွာနဲ့ကပ်လျက် စိုင်ခေါင်ကျေးရွာ ရဲစခန်းထဲကနေ သေနတ်တွေနဲ့လှမ်းပစ်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဗိုလ်အောင်ဒင်က ပြောပါတယ်။ 

ဇူလိုင် ၁၆ ရက်ကလည်း နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာမှာ စစ်တပ်ထောက်ခံ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #စစ်တပ်သတင်းပေး #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10