သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊အုပ်ရှစ်မျှောင်ကျေးရွာနဲ့ စန်းကုန်းကျေးရွာမှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး သေနတ်သံကြောင့် နှလုံးရောဂါအခံရှိသူ အမျိုးသား ၁ ဦးပါသေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်ပကဖ တာဝန်ခံထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၆ နာရီလောက်မှာအုပ်ရှစ်မျှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးချစ်ကို နေအိမ်မှာဝင်ရောက်ပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီခွဲကျော်ခန့်မှာ အသက် ၇၆ နှစ်အရွယ် စန်းကုန်းရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကိုလည်း နေအိမ်မှာပင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"အုပ်ရှစ်မျှောင်ပြီးတော့ စန်းကုန်းအုပ်ကြီးကို တခါတည်းဝင်ရှင်းတာ။ ရွာတွေက ကပ်လျက်ပါ။ နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာချည်းပါပဲ။ ခေါင်းတွေချည်း ပစ်ခဲ့တာပါ။"လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။
သေနတ်နဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး ၂ ဦးစလုံးမှာ ဦးခေါင်းကျည် ထိဒဏ်ရာတွေနဲ့ နေရာမှာပင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စန်းကုန်းရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ပြီးချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဲ့ဒီရွာထဲမှာရှိတဲ့ စစ်ကောင်စီသတင်းပေးတွေကို သေနတ်ပစ်ဖောက်သတိပေးခဲ့ရာ ကျေးရွာအတွင်း နှလုံးရောဂါ အခံရှိသူ အသက် ၆၃ နှစ်အရွယ် ဦးကောက်ရဟာ သေနတ်သံကြောင့်လန့်ပြီး ည ၈ နာရီခန့်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အုပ်ရှစ်မျှောင်ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့စန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီ သတင်းပေးနေသူတွေဖြစ်သလို ဒေသခံတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲရာမှာလည်း ပူးပေါင်းလုပ်ဆောင်ပေးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ညပိုင်းကလည်း နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာမှာ စစ်မှုထမ်းကိစ္စနဲ့ပြည်သူကို အကြပ်မကိုင်ဖို့ သတိပေးပေမယ့် မလိုက်နာတဲ့ အုပ်ချုပ်ရေးမှူး ဦးဘိုဝင်းကိုနေအိမ်မှာ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ပါသေးတယ်။
ပုံစာ - နတ်မောက်မြို့နယ် ထွေအုပ်၊ ရပ်/ကျေး ဝန်ထမ်းစွမ်းဆောင်ရည်ဖြေဆိုနေကြသူများ
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မကွေတိုင်း #နတ်မောက်မြို့ #အုတ်သျှစ်မျှောင် #စန်းကုန်း #အုပ်ချုပ်ရေးမှူး #ပစ်ခတ်
Share Share Share