နတ်သံကွင်းမြို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထား

နတ်သံကွင်းမြို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထား

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ကို KNLA ပူးပေါင်းတပ်တွေကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်က လေယာဥ်သုံးတိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီလောက်ကစပြီး နတ်သံကွင်းမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်အကြာမှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"လက်ရှိ အခြေနေမှာတော့ မြို့ကို ထိန်းချုပ်ထားတာလို့ ပြောလို့ရတယ်။ ကျန်တဲ့အခြေအနေ အသေးစိတ်ကတော့ လောလောဆယ်ပြောလို့ မရသေးဘူး"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

နတ်သံကွင်းမြို့ တိုက်ခိုက်ခံနေရတာကြောင့် မနက် ၆ နာရီကျော်လောက်ကစပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ၅ ကြိမ်ထက်မနည်း လုပ်လာတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် နတ်သံကွင်းမြို့သေခံ ရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်သေဆုံးအခြေအနေနဲ့ ဒေသခံတွေထိခိုက်မှုအခြေအနေကိုတော့ လတ်တလောမှာ မသိရသေးပါဘူး။

ဒီဇင်ဘာ ၅ ရက်ကလည်း နတ်သံကွင်းမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခုလောက်ကို KNLA ပူးပေါင်းတပ်တွေဘက်က အင်အား အလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကာ မြို့စျေးနားအထိ ရောက်ခဲ့ပေမယ့် မြို့သိမ်းနိုင်တဲ့အခြေနေထိ မရောက်ခဲ့ဘဲ ပြန်ဆုတ်လာရတယ်လို့ ဆိုပါတယ်။

နတ်သံကွင်းမြို့သိမ်းတိုက်ပွဲဟာ ၂ ရက်တာကြာမြင့်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာ KNLA ပူးပေါင်းအဖွဲ့တွေ ပြန်ဆုတ်လာရတယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေယာဥ်သုံးပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူတွေ အများကြီးအသုံးပြုခဲ့တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် ဇွန်လ ၆ ရက် မနက်ပိုင်းကလည်း KNLA ပူးပေါင်းတပ်တွေဘက်က နတ်သံကွင်းမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီး မြို့မသိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီးမြို့ #KNLA #စစ်တပ် #လေကြောင်း #မြို့သိမ်း #နတ်သံကွင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10