နတ်သံကွင်းအနီးက တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံး

နတ်သံကွင်းအနီးက တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာနဲ့ ၁မိုင်ခွဲအကွာက ရေတွင်းကုန်းကြီးရွာမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ၂ဖက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

 

ဇွန်လ ၂ရက် မနေ့ မနက် ၅နာရီဝန်းကျင်မှာ နတ်သံကွင်းက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွာထဲမှာရှိတဲ့ ရှေ့တန်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

 

“ရင်း ၉က ဆေးရဲဘော်လေးတွေ။ ရင်း ၈တိုက်ပွဲဘက်ပါသွားတာ။ ရန်သူကပဲ အရှင်မိသွားလား၊ တိုက်ပွဲမှာ ကျသွားတာလား သေချာမသိရဘူး။ ရန်သူက စစ်ကြောင်းထိုးလာတော့ သူတို့နဲ့ ပက်ပင်းတွေ့ပြီး ပစ်ကြတာ။” လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 

ထိတွေ့တိုက်ပွဲမှာ KNLA တပ်ရင်း ၉က ရဲဘော် ၂ဦးသေဆုံးခဲ့ပြီး ၁ဦးဒဏ်ရာရထားကာ စစ်ကောင်စီဘက်ကလည်း သေဆုံးသူတွေရှိပေမယ့်  အသေးစိတ် စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

 

စစ်ကောင်စီဘက်က တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရေတွင်းကုန်းကြီးရွာ တိုက်ပွဲမှာ KNUရဲဘော် ၂ဦး၊ သေနတ် ၂လက်၊ ကျည်အိမ် ၃ခု၊ ကျည်ကာ ၁ထည်၊ ကျည်ဆံ အတောင့် ၇၀ ရထားတယ်လို့ ပြောဆိုထားပါတယ်။

 

အဲ့ဒီနေ့ တရက်တည်းမှာပဲ ညောင်လေးပင်မြို့နယ်ထဲမှာလည်း တိုက်‌ပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ စစ်ရေးအရှိန်တိုးမြှင့်သွားမယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

 

 

စာတည်း -ဇို

 

#မြေလတ်အသံ

#နတ်သံကွင်း #ကျောက်ကြီး #ပဲခူးတိုင်း #တိုက်ပွဲ #ရေတွင်းကုန်းကြီး #ရဲဘော် #ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10