သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံမှာ KIA၊ KPDFနဲ့ စစ်ကောင်စီတို့ ရုတ်တရက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဖြတ်သန်းသွားတဲ့ ကား ၁ စီး ပစ်ခတ်ခံရကာ ကားဆရာသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၂ ရက် ဒီနေ့ မနက် ၆ နာရီက အင်းတော်မှာရှိတဲ့ ခမရ ၄၁၆ က စစ်ကောင်စီအင်အား ၁၀၀ နီးပါးဟာ ရွာထဲကိုရုတ်တရက်ဝင်လာပြီး နဘားတောင်ပေါ်ကို စတင်ပစ်ခတ်ကာ နာရီဝက်နီးပါး ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကိုယ့်ဘက်က ရွာထိမှာစိုးလို့ သိပ်မပစ်ဘူး၊ ပြန်ဆုတ်သွားပြီ၊ စစ်**တွေဘက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်နေတုန်း၊ လိုက်ထရပ်ကားတစီးဖြတ်တာကို မရပ်ပေးလို့ပစ်တာ ကားသမားတဦး ပွဲချင်းပြီး သေသွားတယ်။” လို့ Indaw Revolution-IR အဖွဲ့ဝင်တဦး က ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီး မနက် ၁၀နာရီ ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီက နဘားလမ်းဆုံမှာ နေရာယူကာ စစ်ဆေးနေပြီး မြစ်ကြီးနားဘက်က မောင်းနှင်လာတဲ့ လိုက်ထရပ်ကား ၁ စီးကို တားစစ်ချိန် မရပ်ပေးလို့ဆိုပြီး ပစ်ခတ်ရာ ကားဆရာ ၁ ဦး ဦးခေါင်းပွင့်သေဆုံးခဲ့ပြီး ကားနောက်မှာ လိုက်ပါလာတဲ့ ပြည်သူ၂ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရ သေဆုံးအချက်လက်တွေကတော့ စုံစမ်းနေဆဲဖြစ်ပြီး အခုလက်ရှိ စစ်ကောင်စီက နဘားရွာထဲနဲ့ နဘားလမ်းဆုံမှာ နေရာယူထားကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
အခုလို နဘားရွာနားမှာ တိုက်ပွဲဖြစ်တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်ကလည်း နဘားရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့် ဒုဗိုလ်မှူးကြီး ထိန်လင်းစံ၊ ၂ ပွင့်ဗိုလ်နဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတွေ သေဆုံးတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #စစ်ကိုင်း #အင်းတော် #နဘား #KIA #KPDF #စစ်ကောင်စီ #တိုက်ပွဲ #ပစ်ခတ် #အရပ်သား #ကားဆရာ #သေဆုံး
Share Share Share