နဘားဘူတာအိုရဲ့တမ်းချင်း (ရုပ်သံဆောင်းပါး)

အစွန့်ပစ်ခံ ဘူတာကြီး ဖြစ်သွားတာကလည်း အားလုံးသိကြတဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲက စခဲ့တာပဲ။ ကျနော်ချစ်ရတဲ့ မီးရထားဝန်ထမ်းတွေဟာ ယုံကြည်ရာ အမှန်တရားကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်းရင်း ဘဝတွေ အပျက်ခံပြီး ကျနော့်ကို ကျောခိုင်းခဲ့ကြတယ်။ 

သူတို့မရှိလေတော့ ရထားလမ်း ရပ်၊ ဘူတာလည်း ပိတ်။ ဒီတော့ ကျနော့်ကို မှီခိုပြီးပေါ်လာတဲ့ နဘားရွာက ရွာသားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပြီး တချို့ကြဆို အိမ်ဆောက်တဲ့နေရာမှာ သုံးတဲ့ ကျောက်အကြမ်းတွေ ချောင်းထဲမှာ လိုက်ကောက်ပြီး ဝမ်းစာရှာရတယ်။ တချို့ကြတော့ နေ့စားအလုပ်ကြမ်း လုပ်ကြတယ်။ တချို့ဆို ဝမ်းရေးက အဓိကမို့ အသက်တွေရင်းပြီး အလုပ်လုပ်နေရတာတောင် ရှိသေးတယ်။ 

ဘူတာရုံအဝင်မှာ မပျက်မစီး မပြုတ်ကျသေးဘဲ ချိတ်ဆွဲလျက်သားရှိနေတဲ့ ယဉ်ယဉ်သိန်း(နဘား)ရဲ့ ဘဝဇာတ်ခုံဆိုတဲ့ ဗီနိုင်းက ကျနော့်ကို အမြင်ကျယ်ပြီး တရားရစေပါတယ်။ ကျနော်တို့တွေက ဇာတ်ခုံတခုပေါ်က ဘဝတွေပါပဲ။ ကျနော့်မိတ်ဆွေတွေလည်း ခုဆို ကျရာဇာတ်ခုံတွေမှာ ကပြ အသုံးတော်ခံနေကြရတာပါပဲ။

မြေလတ်အသံက တင်ဆက်ခဲ့တဲ့ "နဘာဘူတာအိုရဲ့ တမ်းချင်း" ဆောင်းပါးကို ရုပ်သံအဖြစ် ပြန်လည်တင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #နဘားဘူတာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10