နမခကနေ ပျူရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီး အသွားအပြန် တိုက်ခိုက်ခံရ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ ထဲကနေ ကံကြီးကုန်းရွာဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက အသွားအပြန်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။ 

ကံကြီးကုန်းရွာဘက်ကို လက်နက်ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့်ပါ ရေယာဉ် ၂ စီးကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းကာ ချောင်းဦးမြို့နဲ့ မုံရွာကြားမှာ မီတာ ၁၅၀ အကွာကနေ  မနက် ၈ နာရီမှာ ၁ ကြိမ် မနက် ၁၀ နာရီမှာ ၁ ကြိမ် အသွားအပြန် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Chindwin Fighter Group-CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Chindwin Fighter Group-CFG၊ ဗန္ဓုလနှင့်အဖွဲ့သားများ ၊ Brave Heart Army-BHA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီရေယာဥ် ၂ စီးကိုပဲ ဒီဇင်ဘာ ၁၁ ရက် မနက် ၉ နာရီမှာ Nga Moe Yeik Column ကလည်း ချင်းတွင်းမြစ် တနေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့  တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့  Nga Moe Yeik Column ရဲ့ တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရေယာဉ် ၂ စီးဟာ မုံရွာဘက်ကို ပြန်သွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ပျူရွာ #‌ရေယာဥ် #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10