သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာ ၂ ခုနဲ့ တပ်ရင်း ၁ ခုကို ဗုံးပစ် တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force- Monywa အဖွဲ့ဆီက သိရပါတယ်။
အင်အား ၁၅ ဦးတပ်စွဲနေတဲ့ နတ်လူထိပွန်ရပ်ကွက်ရုံးက စစ်ကောင်စီဂိတ်ကို ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီလောက်မှာ လက်ပစ်ဗုံး ၁ လုံးပစ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်အကြာ ၇ နာရီခွဲလောက်မှာ မုံရွာ စက်မှုဇုန်လမ်းခွဲအနီး အထက်တန်းကျောင်းမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို ဗုံး ၁ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“နတ်လူထိပ္ပန်ရပ်ကွက်ရုံးကို ပစ်ခတ်တိုက်ခိုက်တာမှာ ဒီကောင်တွေဘက်က တော်တော်ထိသွားတယ်၊ တရစပ် ပြန်ပစ်တယ်၊ ၂ ကောင်သေတယ်၊ ဆေးရုံးကိုသယ်သွားတယ်လို့ သတင်းလှမ်းပို့လို့ ပြန်သိရတာ” လို့ Golden Eagle Force- Monywa ခေါင်းဆောင်ဗိုလ်လင်းယုန်က ပြောပါတယ်။
ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲ့ဒီနောက် ဒီဇင်ဘာ ၁၇ ရက်မနက် ၈ နာရီခွဲလောက်မှာ မုံရွာမြို့အထွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့မနက်ပိုင်းတိုက်ခိုက်ခဲ့တာတော့ အထိအခိုက်တော့မရှိပါဘူး၊ တပ်ဝန်းကလည်း ကျယ်တာကော သူတို့ရဲ့တပ်ရှေ့ကနေ သွားပစ်ခဲ့တာဆိုတော့ အထိအခိုက်တော့မရှိပါဘူး၊ လှန့်ပေးတဲ့သဘောနဲ့ ပစ်ခဲ့တာပါ” လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို Golden Eagle Force- Monywa နဲ့ Monywa UG အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပုံစာ - ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့သည့် ဗုံးများ။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီစခန်း #တပ်ရင်း #တိုက်ခိုက် #သတင်း #မြေလတ်သတင်း
Share Share Share