နယ်ကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်လို့ စစ်သား ၁ ဦး ဒဏ်ရာရ( ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့က PDF ထိန်းချုပ်မြို့ပေါ် ရပ်ကွက်အတွင်း နယ်ကျော်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBT အဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၂၆ ရက် မနေ့ကနေ့လယ် ၁၂ နာရီလောက်မှာ အင်အား ၅၀ ဝန်းကျင်ခန့် စစ်ကြောင်းဟာ PDFရဲ့ အမှတ် ၂ စစ်ဆင်ရေး နယ်မြေအတွင်း နယ်ကျွံလာချိန် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။


ရေစကြိုမြို့ အမှတ် ၃ နဲ့ အမှတ် ၁ အကြားမှာ စစ်ဆေးရေးလုပ်နေရင်း နယ်ကျော်လာတာကြောင့် PDF ဘက်ကစပြီး ပစ်ခတ်ခဲ့လို့ အပြန်အလှန် မိနစ် ၂၀ လောက်တိုက်ပွဲဖြစ်ခဲ့ကြတာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး နောက်ထပ်စစ်ကူတွေထပ်ရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာရသွားတဲ့ စစ်သားတဦးကို ရေစကြိုမြို့နယ်ဆေးရုံကြီးမှာ ပို့ဆောင်ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10