နယ်မြေရှင်းလင်းရေးဝင်ချိန် နှိပ်စက်အသတ်ခံထားရတဲ့ PDF တဦးအပါ အလောင်း ၃ လောင်းတွေ့

နယ်မြေရှင်းလင်းရေးဝင်ချိန် နှိပ်စက်အသတ်ခံထားရတဲ့ PDF တဦးအပါ အလောင်း ၃ လောင်းတွေ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းတော်ဦးကျေးရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ချိန် အသတ်ခံထားရတဲ့ အလောင်း ၃ လောင်း တွေ့ခဲ့ရပြီး အဲ့ဒီထဲမှာ PDF ရဲဘော်တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဧပြီလ ၆ ရက် ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေ ရပ်နားထားတဲ့အတွက် နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ပျဉ်းတော်ဦးနဲ့ နန်းစောင်းပုရွာကြားက လမ်းပိုင်းတနေရာမှာ တွေ့ခဲ့တာဖြစ်တာလို့ ကလေးဒေသခံတဦးက ဆိုပါတယ်။

“၂ ယောက်က ပြည်သူ၊ ၁ ယောက်က PDF၊ လူတွေပိတ်မိနေလို့သွားခေါ်တာကို သူပါအသတ်ခံလိုက်ရတာ။ ဝေဟင်ပစ်တဲ့နေ့က နှိပ်စက်ခံရပြီးမှ ပစ်သတ်ထားခဲ့တာ" လို့ ပြောပါတယ်။



အသက် ၃၀ ဝန်းကျင် နန်းချောင်းရွာသား ပြည်သူ ၂ ဦးနဲ့ ကလေးအခြေစိုက်တပ်ဖွဲ့တခုက ရဲဘော်တဦး ဖြစ်တယ်လို့ ကနဦးသိထားရပြီး မြေပြင်အခြေနေတွေကြောင့် ရဲဘော်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေတော့ မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်တဲ့ ဧပြီလ ၂ ရက်နေ့က စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး အသတ်ခံရတာဖြစ်နိုင်တယ်လို့ ယူဆရပြီး၊ တွေ့ရှိချိန်မှာ အလောင်းတချို့က ပုတ်ပွပျက်စီးနေလို့ ဘယ်သူဘယ်ဝါဆိုတာ သိရဖို့ ကြန့်ကြာနေတယ်လို့လည်း ဆိုပါတယ်။

ကလေးမြို့မှာ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၅ ရက်နေ့ထိ စစ်ကောင်စီနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့ပေါင်းစုံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၇ ရက်တာတိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျည်ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရထားပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10