နယ်မြေအသာစီးရနေပေမယ့် လက်နက်လိုအပ်ချက်ရှိနေပြန်တဲ့ NDRF (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်အခြေစိုက် မုံရွာခရိုင်အမှတ် ၂၁၊ တပ်ခွဲ၂၊ Ngwe Dwin Revolution Force က စခန်းသိမ်းတိုက်ပွဲတွေတိုက်ဖို့ ကျည်မလုံလောက်ဖြစ်နေတယ်လို့ အဖွဲတာဝန်ခံ ကိုစစ်နိုင်က ပြောပါတယ်။

လက်ရှိမှာ Ngwe Dwin Revolution Force အနေနဲ့  နယ်မြေစိုးမိုးမှုမှာ အသာစီးရရှိထားပေမယ့် စစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကို ခုခံကာကွယ်နိုင်ဖို့နဲ့ စစ်ကောင်စီစခန်းတွေကို သွားရောက်တိုက်ခိုက်နိုင်ဖို့အတွက် ကျည်ဆံတွေ၊ လက်နက်ကြီးတွေ လိုအပ်နေတာလို့ NDRF တာဝန်ခံ ကိုစစ်နိုင်က ဆက်ပြောပါတယ်။

သူတို့တပ်ဖွဲ့အနေနဲ့ အရာတော်မြိုနယ်က ပျူစောထီးအင်အား ၁၀၀ကျော်နဲ့ စစ်ကောင်စီတပ် တပ်စိတ်တစိတ် အထိုင်ချစိုးမိုးထားတဲ့ ငွေတွင်းကျေးရွာစခန်း၊ သလဲဘာရွာစခန်း၊ စပါးတွင်းရွာစခန်းတွေကို သွားရောက်တိုက်ခိုက်နိုင်ခဲ့ပေမယ့် ကျည်ဆံမလုံလောက်တာ၊ လက်နက်အင်အားမမျှတာတွေကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရဖူးတယ်လို ဆိုပါတယ်။

လက်ရှိမှာလည်း စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ပြီး Ngwe Dwin Revolution Force အနေနဲ့ ကျည် ၂၀၀၀ ကမ်ပိန်းပြုလုပ်နေပါတယ်။

မုံရွာခရိုင် အမှတ် ၂၁၊ တပ်ခွဲ ၂ Ngwe Dwin Revo lution Forceကို ၂၀၂၁ ဇွန် ၁၄ရက်မှာ လူအင်အား ၅၀ ယောက်နဲ့ စတင်ဖွဲစည်းခဲ့တာဖြစ်ပြီး NUG လက်အောက်ခံထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ 

တပ်ဖွဲ့ ဖွဲ့စည်းပြီးကတည်းကစလို့ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်းး ၆၀ ကျော် ဆင်နွှဲခဲ့ပြီးဖြစ်သလို စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ ဝန်းကျင် ကျဆုံးမှုရှိခဲ့ပြီး သူတိုအဖွဲ့ထဲက ရဲဘော် ၃ ဦးလည်း ကျဆုံးထားပါတယ်။

စာတည်း - ဇို၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အရာတော် #လက်နက်လိုအပ်ချက် #NgweDwinRevolutionForce #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10