နာရေးအိမ်ဖဲဝိုင်းမှာ ဓားထိုးမှုဖြစ်လို့ အမျိုးသား ၁ ဦးသေ

နာရေးအိမ်ဖဲဝိုင်းမှာ ဓားထိုးမှုဖြစ်လို့ အမျိုးသား ၁ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာက နာရေးအိမ်ဖဲဝိုင်းမှာ ဓားထိုးမှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီလောက်မှာ ဖဲဝိုင်းကို လာကစားသူတွေထဲက ကိုကျော်ရဲ ၃၃ နှစ်နဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝင်းစန်းဆိုသူတို့ စကားများရန်ဖြစ်ရာက ဓါးထိုးမှုဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

"ကိုကျော်ရဲက နည်းနည်းဇရှိတယ်။ ကိုဝင်းစန်းက အနေအေးတဲ့သူ ဘာကြောင့်စကားများလဲ ဆိုတာတော့ မသိရဘူး။ အဲ့ဒီမှာ ကိုဝင်းစန်းက ကိုကျော်ရဲကို ဓားနဲ့ထိုးလိုက်တာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားနဲ့ထိုးခံရတာကြောင့် ကိုကျော်ရဲမှာ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတချက်နဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဓားနဲ့ထိုးသူ ကိုဝင်းစန်းကတော့ နာရေးအိမ်ကနေ ထွက်ပြေးသွားပြီး လက်ရှိအချိန်ထိ မဖမ်းမိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

ကိုကျော်ရဲရဲ့ အလောင်းကိုတော့ ဒေသခံတွေက အုတ်တွင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဒီဇင်ဘာ ၈ ရက် ဒီနေ့မှာ နာရေးကိစ္စပြုလုပ်မယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ တဲကြီးကုန်းရွာနဲ့ ကျောက်တလင်းရွာအကြား ရထားလမ်းဘေးမှာ တောင်ငူမြို့နယ်က အသက် ၅၀ အရွယ် ဦးအေးလွင်ဆိုသူရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ဓါးထိုးမှု #အမျိုးသားတဦးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10