နားကပ်ထက် သေနတ်က အရေးကြီးပါတယ် (Photo News )

နားကပ်ထက် သေနတ်က အရေးကြီးပါတယ် (Photo News )

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီကနေ့ ညနေပြုလုပ်တဲ့ ညနေဆည်းဆာ သပိတ်စစ်ကြောင်းကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးတဲ့ PDF အဖွဲ့ကို သပိတ်မှာပါဝင်တဲ့ ပြည်သူတွေက နားကပ်တွေ နားကွင်းတွေ ချွတ်ပြီး လှူဒါန်းခဲ့ကြပါတယ်။

မြိုင်မြို့နယ်က ကျေးရွာတခုမှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်ကို မြိုင်PDF တဖွဲ့ဖြစ်တဲ့ MVRF က လုံခြုံရေးအနေနဲ့ တပ်ဦးကနေ လိုက်ပါခဲ့ကြပြီး ဆန္ဒထုန်ဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။

 

" ပြည်သူတွေက နားကပ်ထက်သေနတ်က အရေးကြီးတယ်လို့ သူတို့ခံယူလို့ လှူဒါန်းတယ်လို့ကျနော်မြင်တယ်၊ ပြည်သူတွေကမိမိတိုအထွဋ်အမြတ်ထားတဲ့ နားကွင်းတွေ နားကပ်တွေကိုတောင်မှ ချွတ်ပြီးတော့လှူတယ်ဆိုတာဟာ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် အင်မတန်မှ အားတတ်ရပါတယ်၊ကျနော်တို့ပြည်သူ့ကာကွယ်ရေးလုပ်တဲ့လုပ်ငန်းတွေမှာ အကျိုးရှိမဲ့နေရာမှာ သုံးသွားမှာပါ" လို့ MVRF ဥက္ကဌ ဦးအောင်ဇေယျကပြောပါတယ်။

ပြည်သူ အင်အား ၁၀၀ နီးပါးပါဝင်တဲ့ သပိတ်စစ်ကြောင်းကနေ ငွေသား ၆သိန်းနဲ့ နားကွင်း နားကပ် ၂၁ရံတို့ကို တော်လှန်ရေးအတွက် အထောက်အပံ့အဖြစ် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်၊

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10