နိုင်ငံရေးလမ်းစဥ်နဲ့ ညှိနှိုင်းဖို့ပြောတဲ့ အာဏာသိမ်းခေါင်းဆောင်ကို PDF တွေ ဘယ်လိုတုံ့ပြန်ကြမလဲ (အင်တာဗျူး)

စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေက်ို ဖိတ်ခေါ်ကြောင်း စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကြောင့် နိုင်ငံတော်အတွင်း အခြေခံအဆောက်အဦတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေတယ်လို့ စွပ်စွဲပြောဆိုချက်တွေလည်း ပါရှိပါတယ်။

ဒီအပေါ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ပြီး တော်လှန်ရေးထဲမှာပါဝင်နေတဲ့ အညာက PDF အဖွဲ့တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ တာဝန်ရှိသူတွေကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

သူတို့တွေ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်လိုမျိုး တုံ့ပြန်ပြောဆိုထားကြလဲဆိုတာကို အခုတင်ဆက်ပေးတဲ့ အင်တာဗျူးရုပ်သံမှာ တွေ့ရမှာဖြစ်ပါတယ်။

သတင်း - မြေလတ်အသံသတင်းအဖွဲ့၊ တည်းဖြတ် - HP

#မြေလတ်အသံ

#နိုင်ငံရေးလမ်းစဉ် #စစ်ခေါင်းဆောင် #တော်လှန်ရေး #အညာ #သဘောထား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10