နိုင်ငံရေးဟောပြောပွဲနဲ့ ၃၇ ရွာမြောက် မိုးခါးရေဇာတ်ကား ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ မိုးခါးရေရုပ်ရှင်ဇာတ်လမ်းပြသပြီး နိုင်ငံရေးအကျည်းသားဟောင်းတွေက ဟောပြောပွဲပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက် မနေ့က နေ့လည် ၁ နာရီကနေ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကြောင်းတွေရှိနေတဲ့ကြားက ကျင်းပခဲ့ရကာ လာရောက်ကြည့်ရှုတဲ့ပြည်သူ ၇၀၀ ကျော်ရှိခဲ့ပါတယ်။


ဒါ့အပြင် ဟောပြောပွဲမှာလည်း နိုင်ငံရေးတရားဟောတာအပြင် ဂဏန်းလိုလူမျိုး၊ ပုတ်သင်လိုလူမျိုး၊ ဝါးပင်လိုလူမျိုး၊ လိပ်လိုလူမျိုး၊ ခွေးအလို လူမျိုးတွေကိုလည်း မဲမပေးကြဖို့ အသိပညာပေးစကားတွေလည်း ပြောဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါဟောပြောပွဲကို ရပ်ရွာပြည်သူတွေ စိတ်အပန်းပြေဖို့နဲ့ နိုင်ငံရေးအသိ ပိုရှိလာစေဖို့ ရည်ရွယ်ပြီး နယ်မြေခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပူးပေါင်းကျင်းပခဲ့ကြတာဖြစ်ပြီး အခုဆိုရင် စစ်ကိုင်းနဲ့မကွေးတိုင်းထဲက ကျေးရွာ ၃၇ ရွာမှာ ပြုလုပ်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10