နေကြာစိုက်ပျိုးရန် စစ်တပ်က ဖိအားပေးသော်လည်း တောင်သူတွေ မစိုက်ပျိုးကြ

နေကြာစိုက်ပျိုးရန် စစ်တပ်က ဖိအားပေးသော်လည်း တောင်သူတွေ မစိုက်ပျိုးကြ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်မှာ ယခုနှစ်ဆောင်းရာသီ သီးနှံအဖြစ် နေကြာကိုစိုက်ပျိုးကြရန် စစ်ကောင်စီကဖိအားပေးသော်လည်း စိုက်ပျိုးတဲ့တောင်သူတွေမရှိဘူးလို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။

ယခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်မှာ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်နဲ့စိုက်ပျိုးရေးဦးစီးဌာနက တောင်သူတဦးလျင် တဧကနှုန်းနဲ့ နေကြာမဖြစ်မနေစိုက်ကြဖို့ ဖိအားပေးပြောဆိုပေမယ့် စိုက်ပျိုးတဲ့တောင်သူ မရှိဘူးလို့ ဆိုပါတယ်။

"မနှစ်ကတည်းက နေကြာစိုက်ဖို့ ဖိအားပေးတယ်။ ဘာတခုမှာ ထောက်ပံပေးတာမရှိဘူး။ မနှစ်ကကျတော့ မျိုးစေ့ဝယ် စိုက်ရတယ်။ ဒါပေမဲ့ မဖြစ်ထွန်းတော့ ဒီနှစ်ဘယ်လောက်ပဲ ဖိအားလာပေးပေမယ့် ဘယ်သူမှ မစိုက်ကြဘူး။ တောင်သူတွေက တဦးမှ နားမထောင်တော့ သူတို့ဘက်ကလည်း လာမပြောတော့ဘူး" လို့ ဒေသခံတောင်သူတဦးကပြောပါတယ်။

၂၀၂၂ ဆောင်းရာသီ သီးနှံစိုက်ချိန်မှာ တောင်သူတွေ နေကြာ မဖြစ်မနေစိုက်ရမယ်ဆိုပြီး ဖိအားပေးခံရတဲ့အပြင် ထွေအုပ်နဲ့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတခုဆီက မျိုးမကောင်းတဲ့ နေကြာမျိုးစေ့တအိတ်(နို့ဆီဘူး ၆ လုံးစာပါ)ကို ၂၈,၀၀၀ ကျပ်နဲ့ ပေးဝယ်စိုက်ခဲ့ရတယ်လို့ဆိုပါတယ်။

တောင်သူတွေဝယ်ယူခဲ့ရတဲ့ နေကြာမျိုးစေ့ကလည်း မျိုးမကောင်းတဲ့ အတန်းစားဖြစ်လို့ စိုက်ပျိုးရာမှာ မအောင်မြင်ဘဲ တောင်သူအားလုံးအရှုံးပေါ်ခဲ့ရတယ်လို့ သိရပါတယ်။

သာယာဝတီမြို့နယ်ထဲက စိုက်ပျိုးမြေအနေအထားအရ နေကြာစိုက်ဖို့ မဖြစ်နိုင်ဘဲ ပြောင်း၊ မြေပဲ၊ ပဲတီစိမ်းတွေလောက်သာ စိုက်ပျိုးနိုင်တယ်လို့ ဆိုကြပါတယ်။

နေကြာစိုက်ပျိုးပါက ကုန်ကျစရိတ်များတဲ့အပြင် အလုပ်ပိုရှုပ်ပြီး အထွက်နှုန်းနည်းလို့ တွက်ခြေမကိုက်တာကြောင့် ဘယ်သူမှ မစိုက်ပျိုးကြဘူးလို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခက်ခဲ၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်တာတွေကြောင့် သာမန် ပြောင်း၊ ပဲစိုက်ပျိုးတာတောင် တွက်ခြေမကိုက်ကြဘူးလို့ သိရပါတယ်။

သာယာဝတီမြို့နယ်ထဲမှာ နှစ်စဥ်မိုးစပါးစိုက်ဧက တသိန်းကျော်ရှိပေမယ့် ဆောင်းသီးနှံကတော့ ပြောင်း၊ ပဲအမျိုးမျိုး၊ နှမ်းစိုက်ဧဏ ၃၀,၀၀၀ ကျော်သာ စိုက်ပျိုးနိုင်တယ်လို့ စစ်ကောင်စီလက်အောက် လယ်ယာမြေ စာရင်းအင်းဦးစီးဌာနရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #သာယာဝတီမြို့နယ် #ဆောင်းရာသီ #နေကြာ #စိုက်ပျိုးရေး #စစ်ကောင်စီ #ဖိအားပေး #တောင်သူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10