နေပြည်တော်ကိုသွယ်တန်းထားတဲ့ ဓာတ်အားပေးတာဝါတိုင်တွေ ဖောက်ခွဲခံရလို့ ကျိုးကျပျက်စီး

နေပြည်တော်ကိုသွယ်တန်းထားတဲ့ ဓာတ်အားပေးတာဝါတိုင်တွေ ဖောက်ခွဲခံရလို့ ကျိုးကျပျက်စီး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းရွာကြားက မဟာဓာတ်အားပေးတိုင် ၂ တိုင်ကို KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးခဲ့တဲ့အတွက် ကျိုးကျပျက်စီးခဲ့တယ်လို့ နယ်ခံတွေကတဆင့် သိရပါတယ်။

ဇူလိုင်လ ၂၃ ရက် မနေ့ ည ၁၁ နာရီခွဲလောက်မှာ ကျောက်တံခါးမြို့ကနေ မီတာ ၅၀၀ ကျော်အကွာမှာရှိတဲ့ ဓာတ်အားလိုင်းတာဝါတိုင်တွေ ဖောက်ခွဲခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“တတိုင်ကတော့ ထက်ပိုင်းကျိုး ပြတ်ထွက်သွားပါတယ်၊ နောက်တတိုင်ကတော့ လုံးဝပြိုကျပျက်စီးသွားတယ်။ သေးသေးလေးပဲကျန်တယ်” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

အဆိုပါဓာတ်အားလိုင်းတိုင်တွေဟာ ရွှေကျင်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကနေ သွယ်တန်းထားတာဖြစ်ပြီး နေပြည်တော်ကတဆင့် တရုတ်ပြည်အထိ သွယ်တန်းထားတာဖြစ်ကာ နိုင်ငံတွင်းကပြည်သူတွေဆီ ဖြန့်ဖြူးတဲ့ ဓာတ်အားပေးတိုင်တွေမဟုတ်ဘူးလို့ ဆိုပါတယ်။

ဓာတ်အားပေးတိုင်တွေ ဖောက်ခွဲခံရပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေ ရောက်ရှိလာကာ တာဝါတိုင်အနီးတဝိုက်ကို နယ်မြေလုံခြုံရေး ယူထားကြတယ်လို့ ဆိုပါတယ်။

ကျောက်တံခါးမြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်ဖွဲ့တွေအပြင် စစ်တပ်နဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေ ဖျက်စီးတိုက်ခိုက်ခံနေရပြီး ဇူလိုင်လ ၁၉ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ နံဇရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၄၁ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း

မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ဓာတ်အားလိုင်း #တာဝါတိုင် #ဖောက်ခွဲခံရ #နေပြည်တော် #စစ်ကောင်စီ #အကျိုးစီးပွား

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10