နေပြည်တော် စစ်ရေးပြအခမ်းအနားကပြန်လာတဲ့ စစ်ကားမှောက်ပြီး ၂ ဦးသေ ၁၆ ဦးဒဏ်ရာရ

နေပြည်တော် စစ်ရေးပြအခမ်းအနားကပြန်လာတဲ့ စစ်ကားမှောက်ပြီး ၂ ဦးသေ ၁၆ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဂွေးတောက်စမ်းရွာအနီး မကွေး-ကန်ဖျား-နေပြည်တော်လမ်းမှာ စစ်ကား ၁ စီးမှောက်ပြီး ၂ ဦးသေ၊ ၁၆ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၃၀ ရက် ညနေ ၆ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မကွေးဘက်ကို စစ်ကောင်စီအဖွဲ့ဝင် ၂၇ ဦးလိုက်ပါလာတဲ့ စစ်ကားဟာ လမ်းပေါ်မှာအရှိန်လွန်တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ရေးပြအခမ်းအနားပြီးလို့ ပြန်လာကြတာ။ ဖြစ်တဲ့နေရာက ကွေ့လိုဖြစ်နေတော့ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ သေဆုံးထိခိုက်တာ များတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် စစ်ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေအနက် ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူတွေကိုတော့ စစ်ကောင်စီအဖွဲ့ကားတွေနဲ့ ဒေသလူမှူကူညီရေးအသင်းကားတွေက မကွေးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရပြီး လာရောက်ကြည့်ရှုသူတွေကိုတောင် မောင်းထုတ်တယ်လို့ သိရပါတယ်။

အခုတိမ်းမှောက်တဲ့ကားဟာ မကွေးမြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ တပ်မတော်ချည်မျှင်နဲ့ အထည်ထုတ်လုပ်သည့်တပ်က ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်သုံး စစ်ကားတစီး။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စစ်ကား #တိမ်းမှောက် #စစ်သားသေဆုံး #စစ်ရေးပြအခမ်းအနား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10