သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရွေပန်းတောကျေးရွာအနီး နေပြည်တော်-မကွေးကားလမ်းပိုင်းမှာ ဟိုက်ဂျက်ယာဥ်နဲ့ မန္တလာမင်းခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိပြီး ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
မေလ ၂၁ ရက်ဒီကနေ့မနက် ၁၀ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မကွေးဘက်ကိုမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဥ်နဲ့ မျက်နှာချင်းဆိုင်ယာဥ်ကြောကနေလာတဲ့ မန္တလာမင်းခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"ဟိုဂျက်ယာဥ်က နေပြည်တော်ဘက်ကနေဆေးခန်းပြပြီး စလင်းဘက်ကိုပြန်တာ။ ဖြစ်တဲ့နေရာက ကွေ့ကြောဆိုတော့ ဘယ်သူမှား၊ဘယ်သူမှန် မသိရသေးဘူး။ ထိခိုက်သေဆုံးတာတွေကတော့ ဟိုက်ဂျက်ပေါ်က လူတွေပါ" လို့ ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဥ်ပေါ်ပါ အသက် ၆၀ ကျော် အမျိုးသမီး ၁ ဦး၊ အသက် ၄၀ ကျော် အမျိုးသမီး ၃ ဦးနဲ့ ယာဉ်မောင်းအမျိုးသား ၁ ဦး၊ စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသူတွေဟာ စလင်းမြို့နယ်ဘက်ကဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာအနီးရှိ ဒေသခံတွေက မြို့သစ်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#မကွေး #မြို့သစ် #ယာဉ်တိုက်မှု #၅ဦးသေဆုံး #မန္တလာမင်း #ဟိုက်ဂျက်