နေပြည်တော် ရဲဘက်စခန်းမှ အကျဉ်းသား ၇ ဦး ထွက်ပြေးနေ

နေပြည်တော် ရဲဘက်စခန်းမှ အကျဉ်းသား ၇ ဦး ထွက်ပြေးနေ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကင်းသာရွာရှိ ကင်းသာ(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသား ၇ ဦး အောက်တိုဘာ ၁၇ ရက် မနေ့ ညနေပိုင်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီခန့်မှာ ကင်းသာကုန်ထုတ်ရဲဘက်စခန်းကနေ အကျဉ်းသား ၇ ဦး ဖြစ်တဲ့ ကိုနိုင်လင်း၊ ကိုသန်းထိုက်အောင်၊ ကိုရဲမင်းဦး၊ ကိုနေထက်အောင်၊ ကိုဇာလီ၊ ကိုကျော်ကျော်သက်၊ ကိုအောင်နိုင်စိုးတို့ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ နေပြည်တော်အကျဉ်းဦးစီးနဲ့နီးစပ်သူ‌ထံက သိရပါတယ်။

"အဲ့ဒီရဲဘက်စခန်းက စည်းကင်းမတင်းကျပ်တော့ နိုင်/ကျဉ်းတွေ ထားတာနည်းတယ်။ မရှိသလောက်ပဲ။ လွတ်ရက်နီးတဲ့သူတွေကို လာထားတာများတယ်။ ခု ပြေးတဲ့လူတွေကလည်း လွတ်ဖို့နှစ်အနည်းငယ်လိုသေးတဲ့လူတွေ"လို့ အကျဉ်းဦးစီးနဲ့နီးစပ်သူက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ အခု ထွက်ပြေးလွတ်‌မြောက်သွားသူတွေကို နိုင်ငံရေးအကျဉ်းသား အကြမ်းဖက်များလို့ ဖော်ပြထားပြီး အကျဉ်းထောင် တာ၀န်ရှိသူတွေကတော့ ရာဇ၀တ်မှုတွေနဲ့ ကျခံထားရသူတွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက အင်အား ၆၀ ခန့်အသုံးပြုပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကလည်း နေပြည်တော်ကနေ ရုံးထုတ်ပြီးပြန်လာတဲ့ အချုပ်ကားဟာ တပ်ကုန်းမြို့နယ်ထဲအရောက် အကျဉ်းသားကိုးဦးက လုံခြုံရေးအစောင့်တွေထံက လက်နက်တွေ လုယူပြီးထွက်ပြေးလွတ်မြောက်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#နေပြည်တော် #တပ်ကုန်း #ကင်းသာရွာ #အကျဉ်းသား #ရဲဘက်စခန်း #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10