သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းကျော်ရှိလာသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး - UN OCHA Myanmar က ထုတ်ပြန်ထားပြီး ထိုထဲတွင်စစ်ကိုင်းတိုင်းအတွင်းမှ သိန်းနှင့်ချီသည့် ဒေသခံများလည်း ပါဝင်သည်။
စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများ၊ စစ်ကောင်စီ တပ်သားများ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများကြောင့် သိန်းနှင့်ချီသည့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ်၊ လယ်ယာများကို စွန့်လွှတ်ကာ ဘေးကင်းလုံခြုံမည့်ဒေသသို့ တိမ်းရှောင်နေထိုင်နေရခြင်းဖြစ်သည်။
အများစုမှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ တောတိုက်၊ တောစပ်များနှင့် စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေကြရပြီး ဒေသတွင်းကူညီရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံ့မှုများကို အဓိကရယူနေကြရသည်။
သို့သော်လည်း တိမ်းရှောင်လာရသည်မှာ နှစ်ကာလကြာရှည်လာသောကြောင့် ရေရှည်တိမ်းရှောင်နေကြရသည့်စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ ပိုမိုလိုအပ်နေသေးဟု စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်အရေး ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောဆိုထားသည်။
#မြေလတ်အသံ
#စစ်ကိုင်း #စစ်ရှောင် #အကူညီလိုအပ် #နေရပ်မပြန်နိုင်
Share Share Share