သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကူတောင်ကျေးရွာ အောက်စုပိုင်းမှ တပ်ပြေး ၁ ဦးကို စစ်ကောင်စီအဖွဲ့က ပစ်သတ်ပြီး ဇနီးဖြစ်သူကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ ဘောနက်ကြီး မစခ ၉၀၁ (အမှတ် ၉၀၁ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)က တပ်သားအဆင့်နဲ့ထွက်ပြေးထားသူ အသက် ၄၀ နှစ်အရွယ် ဇေယျာစိုးဆိုသူဖြစ်ပြီး ဇွန် ၁၆ ရက် ညနေ ၃ နာရီကျော်မှာ သူနေထိုင်ရာ အောက်စုပိုင်းက နေအိမ်မှာ ဝင်ရောက်ပစ်ခတ်တာခံရတာလို့ ဆိုပါတယ်။
"သူကတပ်ပြေးအမှုအပြင် စကစ ၃ ယောက်ကို ဓားနဲ့ခုတ်မှုနဲ့ စကစဘက်က သူ့ကိုပစ်မိန့်ပေးထားတာ။ သူက ရှောင်ပြေးနေတာကြာပြီ။ သူအိမ်ပြန်ရောက်နေတာကို တစ်ယောက်ယောက်က သတင်းပေးလိုက်လို့ နေမယ်။ စကစအဖွဲ့က ရောက်လာပြီး ဝိုင်းပစ်သတ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရလို့ ကိုဇေယျာစိုးရဲ့ ခန္ဓာကိုယ်အနှံ့မှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီအဖွဲ့က မစခ ၉၀၁ တပ်ကိုပြန်ယူသွားသလို ဘောနက်ကြီးမှာ နေထိုင်တဲ့ ကိုဇေယျာစိုးရဲ့ဇနီးဖြစ်သူ မကြီးဆိုသူကိုလည်း ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။
ကိုဇေယျာစိုးဟာ ၂၀၂၀ ခုနှစ်မတိုင်ခင်ကတည်းက စစ်တပ်ကနေထွက်ပြေးထားသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ သူကိုလာဖမ်းတဲ့စစ်ကောင်စီတပ်သား ၃ ဦးကို ဓားနဲ့ခုတ်ခဲ့ရာ ၃ ဦးစလုံး ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ကိုဇေယျာစိုးဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းနေထိုင်ပြီး ဒလန်ရှင်းလင်းတာနဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် စစ်ကောင်စီသတင်းစုံစမ်းပေးတာတွေကို လုပ်ကိုင်နေခဲ့တာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကူတောင် #တပ်ပြေး #ပစ်သတ် #စစ်ကောင်စီ #ဖမ်းဆီး
Share Share Share