နေအိမ်တွေကို မီးရှို့တဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘင်တဲကုန်းနဲ့ အောင်ချမ်းသာကျေးရွာက နေအိမ်တွေကို မီးရှို့တဲ့ စစ်အုပ်စု ဧပြီလ ၂၃၊၂၄ ရက်မှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး၊ ၂ ပွင့်ဗိုလ်တဦးပါ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၂၃ ရက်က ဘင်တဲကုန်းရွာအနီးမှာ တိုက်မိုင်း နဲ့ ၂ ကြိမ်၊ အောင်ချမ်းသာရွာအနီးမှာ ၁ နာရီကျော်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သလို ဧပြီလ၂၄ ရက်မှာ သခွတ္တောရွာအနီးမှာ တိုက်မိုင်းမိပြီး အခုလို သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ သွားခဲ့တယ်လို့ People's Servant Revolution (Wetlet) ရဲဘော်တဦးက ပြောပါတယ်။


အဆိုပါစစ်ကြောင်းဟာ အောင်ချမ်းသာရွာက လူနေအိမ် ၈၀ ကျော်၊ ဘင်တဲကုန်းရွာက နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ်သား အလောင်းတလောင်းကိုလည်း ဘင်တဲကုန်းရွာက နေအိမ်တွေနဲ့အတူရောပြီး မီးရှို့ခဲ့သေးတယ်လို့ အထက်ပါရဲဘော်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးခဲ့တဲ့နောက်ထပ် စစ်ကောင်စီတပ်သား၂ ဦးကိုလည်း ဧပြီလ ၂၄ ရက်ညပိုင်းအချိန်မှာ ဝက်လက်မြို့ကို မီးဖြတ်ပြီးနောက် သေနတ်တွေဖောက်ကာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10