သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကံပေါက်ကျေးက နေအိမ်တွေကို မွှေနှောက်ရှာဖွေဖျက်စီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၂၃ ရက်နေ့က မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။
အင်အား ၇၀ ကျော်ပါတဲ့ အဲဒီစစ်ကြောင်းကို ရေဦးမြို့နယ် ပကဖ တပ်ခွဲ၊ နယ်မြေဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်စိပ်တို့ဟာ မနက် ၆ နာရီက ကံပေါက်တံတားအနီးမှာ ၁ ကြိမ်၊ နေ့လယ် ၁ နာရီက လက်လံတံတားအနီးမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ်မိုင်းဆွဲခဲ့တာဖြစ်တယ် လို့ People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောပါတယ်။
"စကစတွေက မနက်ပိုင်းမှာ ကံပေါက်ရွာကိုဝင်ပြီးတော့ နေအိမ်တွေကို ရှာဖွေ၊ ဖျက်စီးတာတွေလုပ်တယ်။ မီးရှို့တာတော့မရှိဘူး။ နေ့ခင်းပိုင်းမှာအဲရွာကနေထွက်ပြီးတော့ မူးချောင်းဘောင်ဘေးလျှောက် စစ်ကြောင်းထိုးသွားတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ကံပေါက်ရွာကို အဝင်မှာတကြိမ်၊ အထွက်မှာတကြိမ် ၂ ကြိမ် မိုင်းဆွဲခဲ့တာ။ အပြန်အလှန်ပစ်ခတ်တာတော့ မရှိခဲ့ဘူး။ စကစတွေ ထိခိုက်သေဆုံးတာကို အတည်မပြုနိုင်ခဲ့ပေမယ့် အတော်လေးကိုအထိနာသွားတာတွေ့ ရှိခဲ့ရတယ်" လို့ ဆိုပါတယ်။