နေအိမ်တွေ မီးရှို့နေတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့နေတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်း ၈ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

နှမ်းဆီကန်ကျေးရွာကို တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၈၊ ခလရ ၂၅၈၊ ခလရ ၂၅၉ က စစ်သားတွေနဲ့ ပျူစောထီးတွေက မီးရှို့နေချိန် ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ မိုင်းဆွဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ရဲဘော်တဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ၃ ဦးသေဆုံးပြီး ၈ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရကာ တိုက်ခိုက်ခံရပြီးနောက် တပ်မ ၁၀၁ လက်အောက်ခံ စစ်သားတွေဟာ ရေသာလေးကျေးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့  နှမ်းဆီကန်ရွာကို စစ်အုပ်စုက မီးရှို့ခဲ့လို့ နေအိမ် ၄၉ လုံး မီးလောက်ဆုံးရှုံးခဲ့ကာ ဒေသခံ ၁၀၀၀ ဝန်းကျင်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ၊ တပ်ရင်း(၂/၆/၇/၁၇) ၊  မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း(၁) တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ Myaing Warriors တပ်ဖွဲ့ ၊  အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ MRDFတပ်ဖွဲ့ နှင့် KMDF ကမ္မကာကွယ်ရေးတပ်ဖွဲ့ (ကမ္မတပ်ပေါင်းစု) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာရှိ ဒေသခံတွေဆီကနေ ရိက္ခာတွေယူနေတဲ့ ခလရ ၂၅၁ က စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က ပေပိုင်းမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #မြိုင် #မီးရှို့ #စစ်ကောင်စီ #ဒေသခံနေအိမ် #တိုက်ခိုက် #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10