နေအိမ်တွေ မီးရှို့နေတဲ့ ရွှေဘိုတပ်နဲ့ တပ်မ ၃၃ စစ်ကြောင်း ၆၀ မမနဲ့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ငါးကင်းတောင်ရွာ၊ မြောက်ရွာကို မီးရှို့နေ‌တဲ့ ရွှေဘိုတပ်နဲ့ စစ်ကိုင်း တပ်မ ၃၃ ပေါင်းထားတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို ပေ ၈၀၀ အကွာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Ranger Force (LPDF) အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဘက်က အထူးကွန်မန်ဒို တပ်သား ၆၀ အပါ အင်အား ၂၀၀ ကျော်စစ်ကြောင်းကို ဇူလိုင် ၉ ရက် ညနေ ၅ နာရီမှာ ၆၀ မမနဲ့ ၈ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ နယ်မြေအခြေအနေအရ စုံစမ်းလို့ မရရှိခဲ့သေးဘူးလို့ ဆိုပါတယ်။ 

"အင်အား ၂၀၀ ကျော်ထဲမှာ ကွန်မန်ဒို အယောက် ၆၀ ပါတယ်လို့ သိရတယ်။ အဲ့ဒီ စစ်ကြောင်းကို ကျနော်တို့ ပေ ၈၀၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ၆၀ မမနဲ့ ၈ ချက်ပစ်နိုင်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကိုတော့ နယ်မြေအခြေအနေအရ စုံစမ်းလို့ မရရှိသေးဘူး။ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမျိုးတွေ ရှိပါတယ်" လို့ Snipe Ranger Force(LPDF) ရဲဘော် ဆလိုင်းက ပြောပါတယ်။ 

စစ်အုပ်စုဘက်က စက်ကလေးတွေအပါအဝင် ၈၀ မမနဲ့ ကောင်တာပြန်တာတွေ ဝေဟင်ကနေပါ ဒရုန်းနဲ့ အီနာဂါဗုံးကြဲတာတွေလုပ်ခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဒီပစ်ခတ်တိုက်ခိုက်မှုကို Snipe Rangers Force (LPDF) တပ်ဖွဲ့၊ DBBF - MMU တပ်ဖွဲ့ နှင့် ရပ်ကျေးပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မြင်းမူ #ရွှေဘိုတပ် #တပ်မ၃၃ #တိုက်ခိုက်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10