နေအိမ်ပေါ်တက် ငှက်စာကျွေးတဲ့ အမျိုးသမီးတဦး ဓာတ်လိုက်သေဆုံး

နေအိမ်ပေါ်တက် ငှက်စာကျွေးတဲ့ အမျိုးသမီးတဦး ဓာတ်လိုက်သေဆုံး

မကွေးမြို့၊ အောင်မင်္ဂလာရပ်၊ ရန်ကင်းစျေး အရှေ့ဘက်ခြမ်းမှာ နေအိမ်ပေါ်တက် ငှက်အစာကျွေးတဲ့ အမျိုးသမီး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနက် ၇ နာရီကျော်ခန့်မှာ အသက် ၆၀ ဝန်းကျင်ရှိ အမျိုးသမီးတဦးဟာ သူနေထိုင်ရာ အိမ်ရဲ့အပေါ်ထပ်ကိုတက်ပြီး ငှက်စာကျွေးချိန် ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

"အိမ်က ၃ ထပ်။ အပေါ်တက်တဲ့အချိန် စတီးလက်ရန်းကို ကိုင်တက်တာမှာ လျှပ်စီးက ဝင်နေတာဖြစ်မယ်။ မိုးကလည်း ရွာထားတာဆိုတော့။ သူအိမ်သားတွေက ဝင်ဆွဲသေးတယ်။ ဒါပေမဲ့ သူတို့ပါ ဓာတ်လိုက်တော့ မိန်းကို အရင်ချရာမှာ အသက် မမီလိုက်တော့ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓာတ်လိုက်ခံရတာကြောင့် အမျိုးသမီးခန္ဓကိုယ်မှာ အရေပြားမီးလောင်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဓာတ်လိုက်သေဆုံးသွားတဲ့အမျိုးသမီးအလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းက မကွေးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးမြို့ #အောင်မင်္ဂလာရပ် #ရန်ကင်းစျေး #ငှက်အစာကျွေး #အမျိုးသမီး #ဓာတ်လိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10