နေအိမ်ပေါ်သစ်ပင်ပိလို့ သားအဖ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

နေအိမ်ပေါ်သစ်ပင်ပိလို့ သားအဖ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကံတရာကျေးရွာမှာ နေအိမ်ပေါ် သစ်ပင်ပိမိတာကြောင့် သားအဖ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တောင်ငူမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး  ၂၃ ရက် မနက် ၁ နာရီအချိန်ခန့်မှာ ကိုအောင်စိုးမိုးရဲ့ နေအိမ်နဲ့ကပ်လျက်မှာရှိနေတဲ့    မန်ကျည်းပင်လဲကျခဲ့ရာက နေအိမ်ပါပြိုကျခဲ့ပြီး လူသေဆုံးထိခိုက်မှုတွေရှိခဲ့တာလို့ ဆိုပါတယ်။

"မနက်အစောပိုင်း မိုးလေကောင်းပြီး အိပ်နေကြချိန် အပင်ကလည်း တပင်လုံး အိမ်ပေါ်ပိတာဆိုတော့  အိမ်ပါပြိုကျပြီး လူတွေပါ ပိနေကြတာ"လို့ ဒေသခံတဦးကပြောပါတယ်။

သစ်ပင်ပိလို့ ကိုအောင်စိုးမိုး ၃၃ နှစ်၊ သားဖြစ်သူ မောင်အောင်ရဲလင်း ၁၁ နှစ်တို့ဟာ နေရာမှာသေဆုံးပြီး ကိုအောင်စိုးမိုးရဲ့ ဇနီးဖြစ်သူ မမာပို ၃၃ နှစ်နဲ့ သမီးဖြစ်သူ မဇွန်ပွင့်ဖြူ ၃ နှစ်တို့ ၂ ဦးမှာလည်း သစ်ကိုင်းရိုက်မိ ဒဏ်ရာများရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

မေလ ၁၄ ရက်ကလည်း တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာနဲ့ နတ်စင်ကုန်းကျေးရွာတွေမှာ မိုးရွာလေပြင်းတိုက်လို့ နေအိမ်အဆောက်အဦ ၅၉ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #သစ်ပင်ပိ #လူသေဆုံးမှု #လေပြင်းတိုက်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10