နေအိမ်မီးလောင်ချိန် အိမ်ထဲအိပ်နေတဲ့ကလေးငယ် ၂ ဦး မီးထဲပါသေဆုံး

နေအိမ်မီးလောင်ချိန် အိမ်ထဲအိပ်နေတဲ့ကလေးငယ် ၂ ဦး မီးထဲပါသေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရွှေအိုး ၂ ရပ်ကွက်၊ အပိုင်း ၃၊ ရခိုင်ဘုရားကြီး မြောက်ဘက်လမ်းမှာ နေအိမ်မီးလောင်ရာက အိမ်မှာအိပ်နေတဲ့ ကလေးငယ် ၂ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၄ ရက်မနက် ၁၁ နာရီခန့်မှာ ဦးမြင့်သိန်းပိုင်နေအိမ် မီးဖိုချောင်ကနေ မီးလောင်မှုစဖြစ်ပြီးနောက် နေအိမ်မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

"ထမင်းအိုးတည်ရာကနေ မီးလောင်တာလို့ သိရတယ်။ မီးဖိုက အိမ်ပေါ်မှာ။ ဦးမြင့်သိန်းက ထမင်းအိုးတည်ရင်းကနေ အပြင်ကိုသွားလိုက်တယ်။ သူပြန်ရောက်တဲ့အချိန် မီးကခေါင်ကိုစွဲနေပြီ။ ကလေးတွေက အိမ်ထဲအိပ်ပြီးကျန်ခဲ့တာ"လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်လို့ အသက် ၁ နှစ် ၂ လအရွယ်နဲ့ အသက် ၃ နှစ်ကျော်အရွယ် ယောက်ျားလေး ၂ ဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ်နဲ့အိမ်အတွင်းပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

သေဆုံးသွားတဲ့ကလေးငယ် ၂ ဦးဟာ အိမ်ပိုင်ရှင်ဦးမြင့်သိန်းရဲ့မြေးတွေဖြစ်ပြီး ကလေးငယ်တွေရဲ့ မိခင်ဖခင်တွေ စျေးရောင်းသွားချိန် အိမ်မှာအဖိုးအဖွားတွေနဲ့ ကလေးငယ်တွေကို ထားခဲ့တာလို့ သိရပါတယ်။ မီးမလောင်ခင်အချိန်ကတည်းက အဖွားဖြစ်သူကလည်း အလုပ်ကိစ္စနဲ့အပြင်ထွက်သွားတဲ့အတွက် မီးလောင်ချိန် အိမ်မှာရှိမနေဘူးလို့ ဆိုပါတယ်။

မီးလောင်ချိန်မှာ အိမ်နီးချင်းတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြတာကြောင့် မိနစ်နှစ်ဆယ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး နေအိမ်ခြံဝန်းကျယ်တာကြောင့် အခြားဘေးအိမ်တွေကို မီးကူးစက်လောင်ကျွမ်းတာမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #တောင်တွင်းကြီး #မီးလောင် #ကလေးငယ်သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10