နေအိမ်မီးလောင်ပြီး မသန်စွမ်းလူငယ် ၁ ဦး မီးထဲပါသေဆုံး

နေအိမ်မီးလောင်ပြီး မသန်စွမ်းလူငယ် ၁ ဦး မီးထဲပါသေဆုံး

မကွေးတိုင်း၊ မကွေးမြို့နယ်၊ နွားကူးကျေးရွာမှာ နေအိမ်မီးလောင်ပြီး အသက် ၁၉ နှစ်အရွယ် မသန်စွမ်းလူငယ်တဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက်မှာ ဦးထွန်းထွန်းဦး နေအိမ်ကနေ မီးလောင်ရာက သားဖြစ်သူ ၁၉ နှစ်အရွယ် မောင်အောင်သီဟ မီးထဲပါသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"မီးလောင်တော့ မိဘတွေက မီးကိုအရင်ငြှိမ်းနေကြရာကနေ ကောင်လေးကို မေ့နေကြတာနေမယ်။ ကောင်လေးက ပိုလီယိုရောဂါသည်ဆိုတော့ ထလည်းမပြေးနိုင်တော့ မီးလောင်တဲ့အထဲ ပါသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းမီးငြှိမ်းခဲ့ရာ မီးလောင်ပြီး နာရီဝက်ကျော်အကြာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

မီးလောင်လို့ ထရံကာ၊ သွပ်မိုး တထပ်နေအိမ်တလုံးနဲ့ အိမ်တွင်းပစ္စည်းတွေလည်း မီးလောင်ပျက်စီးခဲ့ပြီး ဘယ်ကနေ မီးစလောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

ဧပြီ ၂၀ ရက်မနက်ပိုင်းကလည်း ရေစကြိုမြို့၊ သုခဝတီရပ်ကွက်မှာ အဝတ်တွေကို မီးပုံရှို့ရာက နေအိမ် ၃ လုံးမီးလောင်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နွားကူးကျေးရွာ #နေအိမ်မီးလောင် #မသန်စွမ်း #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10