နေအိမ်ရှေ့လာချထားတဲ့ ပန်းခြင်းကို ဖယ်လိုက်ရာက မိုင်းပေါက်ကွဲမှုဖြစ်လို့ လင်မယား ၂ ဦးဒဏ်ရာရ

နေအိမ်ရှေ့လာချထားတဲ့ ပန်းခြင်းကို ဖယ်လိုက်ရာက မိုင်းပေါက်ကွဲမှုဖြစ်လို့ လင်မယား ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်မှာ နေအိမ်ရှေ့လာချထားတဲ့ ပန်းခြင်းကိုဖယ်လိုက်ရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး လင်မယား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်လောက်က ဦးထွန်းနိုင်ဝင်း ၅၀ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်ဥမ္မာထွေး ၅၀ နှစ်တို့ဟာ အပြင်ကနေ နေအိမ်ကို ပြန်လာရာ အိမ်ရှေတံခါးဝမှာချထားတဲ့ ပန်းခြင်းကို အမျိုးသမီးဖြစ်သူက ဖယ်ရှားလိုက်စဥ် ပေါက်ကွဲမှုဖြစ်သွားတာလို့ ဆိုပါတယ်။

"သူတို့က အပြင်ကနေ ဆိုင်ကယ်နဲ့ပြန်လာတာ။ အိမ်တံခါးရှေ့ ပန်းခြင်းတွေ့လို့ ဘယ်သူလာချသွားတယ်ဆိုတာ မသိရတော့  မိန်းမဖြစ်သူက ဆင်းဖယ်လိုက်တာမှာ ပေါက်ကွဲမှုဖြစ်တာ။ သူတို့က စကစ နဲ့ပတ်သက်မှု ရှိ မရှိကတော့ မသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်လို့ အမျိုးသမီးဖြစ်သူမှာ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေမှာ အစမှန်ဒဏ်ရာရရှိပြီး အမျိုးသားဖြစ်သူကတော့ ခြေထောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးဖြစ်သူရရှိတဲ့ ဒဏ်ရာက စိုးရိမ်ရတာကြောင့် စစ်ကိုင်းဆေးရုံကနေ မန္တလေးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒီမိုင်းကို ဘယ်အဖွဲ့က ဘာကြောင့် ထောင်သွားတယ်ဆိုတာ မသိရှိရသေးပါဘူး။ 

စက်တင်ဘာလ ၂၇ ရက် ညနေ ၅ နာရီ‌ လောက်ကလည်း စစ်ကိုင်းမြို့နယ်၊ လူမှုဖူလုံရေးရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာတွေဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် ဒေါ်နွယ်နီလှနဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ရီမိုးတို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒါး၀ယ်ဈေးရပ်ကွက် #မိုင်းပေါက်ကွဲ #ပန်းခြင်း #မိုင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10