သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းထိဒဏ်ရာရသူမှာ မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်အစွန်မှာနေထိုင်သူ အသက် ၃၁ အရွယ် ကိုကျော်သက် ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက် ယမန်နေ့ မနက် ၉ နာရီမှာ ၎င်းနေထိုင်ရာနေအိမ်ကနေ ငါးမျှားသွားရာက နေအိမ်အနီးလယ်ကွင်းထဲမှာ မြေမြှုပ်မိုင်းထိခဲ့တာလို့ ဆိုပါတယ်။
" ငါးသွားမျှားရင်းထိတာလို့ သိရတယ်။ ငါးသွားမျှားတာကလည်း သူအိမ်အနောက်ဘက်(ရိုးချောင်း)မှာပဲ။ အခြေနေကတော့ ဆေးကုသနေဆဲပဲ။"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
မိုင်းထိလို့ ကိုကျော်သက်မှာ ဘယ်ဘက်ခြေထောက် ခြေကျင်းဝတ်ကနေပြတ်ထွက်သွားပြီးနောက် မုန်းမြို့ကနေ တောင်ငူဆေးရုံကို ဘေးတွဲဆိုင်ကယ်နဲ့ပို့ဆောင်စဉ် ဒေသပရဟိတအသင်းတွေကလည်း ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မိုင်းထိတဲ့နေရာဝန်းကျင်ဟာ စစ်ကောင်စီတပ်ရော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ထွက်လှုပ်ရှားသွားလာတတ်တဲ့နေရာဖြစ်လို့ ဘယ်အဖွဲ့အစည်းကထောင်တဲ့မိုင်းဆိုတာတော့ မသိရပါဘူး။
နိုဝင်ဘာ ၁၃ ရက်ကလည်း မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်နေ မောင်ခက်စိုးဦးဟာ ရပ်ကွက်အနီး ရော်ဘာခြံအတွင်း အစေးခြစ်သွားစဥ် မိုင်းထိလို့ ဘယ်ဘက်ခြေထောက် ခြေကျင်းဝတ်ကနေ ပြတ်ထွက်သွားခဲ့ပါသေးတယ်။
အောက်တိုဘာ ၈ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်၊ မူလတန်းကျောင်းအနောက်ဘက် လှည်းလမ်းမှာ မြေတိုင်းဖို့သွားကြတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေ မိုင်းထိလို့ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #မြေမြှုပ်မိုင်း #ခြေထောက်ပြတ်
Share Share Share