နောင်ကြီးအိုင် စစ်စခန်း ၃ ရက်ဆက်တိုက်ခိုက်ခံရလို့ စစ်သား ၆ ဦးခန့်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် စစ်ကောင်စီစခန်းကို မဟာမိတ်တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်းကာ ၃ ရက်ဆက်တိုက် အနီးကပ်ဝင်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့လည်ပိုင်းကစပြီး စစ်ကောင်စီအင်အား ၃၀ ကျော် စခန်းချနေတဲ့ အဲ့ဒီစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်မှာလည်း လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများခဲ့တယ်လို့ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒီမို က ပြောပါတယ်။

"နောင်ကြီးအိုင်စခန်းကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာ၊ ပထမဆုံးရက်က အနီးကပ် ဝင်ပစ်တိုက်ခိုက်တာက ၄ ကောင်သေပြီး အများအပြားဒဏ်ရာရတယ်၊ နောက် ၂ ရက်တိုက်ခိုက်တာမှာ ၂ ကောင်သေပြီးတော့ ၂ ကောင်ဒဏ်ရာရတယ်လို့ ကြားသိရတယ်" လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မုံရွာခရိုင်တပ်ရင်း၁၈)၊ မဟူရာဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ Justice ပြောက်ကျားတပ်ဖွဲ့ ၊ ရှားညို ၊ မုံရွာခရိုင်တပ်ရင်း ၆၊ Generation defense force Ayadaw (GDFA)၊ အရာတော်မြို့နယ် (ပ.က.ဖ) ၊ ဒီပဲယင်း(ပ.က.ဖ)၊ ဘုတလင်မြို့နယ်တပ်ဖွဲ့များနဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ကြတာလည်း ဖြစ်ပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10