နေ့စဉ်နီးပါးဗုံးကြဲနေတဲ့ စစ်ကောင်စီလေတပ်က SU – 30 တိုက်လေယာဉ် ၂ စီး ထပ်မံပိုင်ဆိုင်ကြောင်း ထုတ်ပြ

နေ့စဉ်နီးပါးဗုံးကြဲနေတဲ့ စစ်ကောင်စီလေတပ်က SU – 30 တိုက်လေယာဉ် ၂ စီး ထပ်မံပိုင်ဆိုင်ကြောင်း ထုတ်ပြ

စစ်ကောင်စီလေတပ်က ရုရှားနိုင်ငံထုတ် SU 30 SME တိုက်လေယာဉ် ၂ စီး ထပ်မံပိုင်ဆိုင်တယ်လို့ ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ထုတ်သတင်းစာတွေမှာ ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်ကောင်စီလေတပ် ၇၆ နှစ်မြောက်အခမ်းအနားမှာ စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် SU 30 SME ၂ စီး တပ်တော်ဝင်ကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။

SU 30 တိုက်လေယာဉ်ဟာ ယမန်နှစ် လေတပ်နေ့မှာ စစ်ကောင်စီလေတပ်အတွက် ၁ စီး စတင်ဝင်ရောက်အသုံးပြုလာတာဖြစ်ပြီး ဒီနှစ်မှာ ၂ စီး ထပ်မံဝင်ရောက်လာပါ။

နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသလို ကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေလို့ အရပ်သားသေဆုံးမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေထဲမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနဲ့ ကချင်ပြည်နယ်၊ အနန့်ပါကျေးရွာ တိုက်ခိုက်မှုတွေဟာ အထင်ရှားဆုံးဖြစ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ် ၁၀ ဦးအထက်အပါအဝင် လူရာနဲ့ချီ သေဆုံးခဲ့တာပါ။

အခုနှစ်အတွင်း လယ်ဝေးမှာ လေ့ကျင့်ရေးတိုက်လေယာဉ် ၁ စီးနဲ့ ကရင်နီဒေသမှာ K – 8W အမျိုးအစားတိုက်လေယာဉ် ၁ စီး ပျက်ကျတာကြောင့် ပျက်စီးမှုရှိခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်နဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၇၅ နှစ်မြောက်လေတပ်နေ့မှာတော့ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ SU-30 SME၊ FTC 2000 G၊ FT-7၊ K-8W အမျိုးအစားတိုက်လေ ယာဉ်များနဲ့ KA-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များ လေတပ်အတွက်ရောက်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #လေတပ် #SU30  #တိုက်လေယာဉ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10