နွားကျောင်းဖို့ရွာပြင်ထွက်လာတဲ့ ပျူစောထီးတွေ အပစ်ခံရပြီး ၁ ဦးသေ

နွားကျောင်းဖို့ရွာပြင်ထွက်လာတဲ့ ပျူစောထီးတွေ အပစ်ခံရပြီး ၁ ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ရွာက နွားကျောင်းဖို့ ရွာပြင်ထွက်လာတဲ့ ပျူစောထီးတွေကို ဧပြီ ၂၆ ရက် မနက်ပိုင်းမှာ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ၁ ဦးထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေအထိုင်ချထားတဲ့ သရက်ကန်ရွာအပြင်ကို နွားကျောင်းထွက်လာတဲ့ ပျူစောထီး ၆ ဦးကို မနက် ၉ နာရီမှာ မီတာ ၂၀၀ (ပေ ၆၅၀ကျော်)အကွာကနေ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပျူစောထီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သရက်ကန်ကျေးရွာမှာ ရွာသူ၊ ရွာသားတချို့သာ နေထိုင်ကြပြီး စစ်တပ်နဲ့ပျူစောထီးအထိုင်ချထားတဲ့ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လေ့ရှိတာကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီတွေဟာ သရက်ကန်ရွာအနီးဝန်းကျင်တွေမှာသာ သွားလာလေ့ရှိပြီး အခုလိုနွားကျောင်းထွက်လာတဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ျာက ပြောပါတယ်။

“အဝေးလည်း သွားမကျောင်းရဲဘူး။ ကျနော်တို့ ရိုင်ဖယ်သမားက ချောင်းမြောင်းပစ်ခတ်တဲ့အခါမှာ ဦးခေါင်း ထိမှန်ပြီး ပွဲချင်းပြီး ပျူစောထီး ၁ ကောင်သေဆုံးသွားတယ်။ တဦးလဲကျသွားတော့ တခြား**တွေကတော့ ရွာထဲဝင်ပြေးကြတာ” လို့ သူက ပြောပါတယ်။ 

ပစ်ခတ်ပြီးတဲ့နောက် နယ်မြေရှင်းလင်းတဲ့အခါမှာ ပျူစောထီးဟာ ဦးခေါင်းကိုသေနတ်မှန်သွားတာတွေ့ရပြီး ၎င်းဆီကနေ ဓားတလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ရင်း ၁ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်)၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့ ၊ Myaing Warriors ၊ MRDF ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #သရက်ကန်ရွာ #နွားကျောင်း #ပျူစောထီး #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10